8 (U)

5.8K 469 12
                                    

အိမ်ပြန်ရောက်တော့ ဘာမှမလုပ်နိုင်သေးဘဲ အခန်းထဲမှာသာ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေမိတော့သည်။
ချမ်းငြိမ်းကို နမ်းခဲ့မိသော နှုတ်ခမ်းလေးအား အသာအယာ ထိတို့မိတော့ သူ့ရင်တွေ အဆမတန် အခုန်မြန်လာရပြန်သည်။
အခုထိတိုင် သူ့နှလုံးသားတွေ ဂဏာမငြိမ်စွာ ခုန်ပေါက်နေရဆဲပါ။ သူ့ရင်ထဲ ဘယ်လိုမှ နေမရတော့တာမို့ ချမ်းငြိမ်းဆီကိုသာ ထွက်လာခဲ့လိုက်တော့သည်။

အခန်းတံခါးဖွင့်လိုက်ချိန် တွေ့ချင်နေသူလေး၏ ကျောပြင်လေးကို မြင်လိုက်ရမှ စိတ်ထဲကျေနပ်သွားရသလို…။ တံခါးဖွင့်သံကိုပင် မကြားနိုင်လောက်အောင် ချမ်းငြိမ်းတစ်ယောက် ဘာတွေလုပ်နေသလဲဟု ခြေသံတိတ်တိတ်ဖြင့် အနားသို့တိုးကာ စူးစမ်းလိုက်သည်။ စာအုပ်နှင့် ဘောပင်ကို ကိုင်ထားပေမဲ့ သူ့စိတ်တွေက အဝေးကိုရောက်နေမှန်း ရန်နောင်သိလိုက်သည်။

“ဟိတ်…”

ချမ်းငြိမ်၏ ပုခုံးလေးအား အသာပုတ်၍ ရန်နောင် ခေါ်လိုက်သည်။

“ဟမ်… ရန်နောင်… ဘယ်အချိန်က ရောက်နေတာလဲ…။”

“ငါဝင်လာတာတောင် သတိမထားမိရအောင် မင်းကရော ဘာတွေ တွေးနေတာလဲ…။”

“ဟမ်… အဲ ဘာမှမဟုတ်ပါဘူး… ဒီတိုင်း…။”

ဆက်မမေးတော့ဘဲ ဘေးမှသာ ရပ်၍ ချမ်းငြိမ်း၏လက်ကလေးအား လှမ်းကိုင်လိုက်သည်။
ချမ်းငြိမ်းကလည်း ကျွန်တော့်ကို မော့ကြည့်နေသည်။ ကျွန်တော့်ရင်တွေ အကြောင်းပြချက်မရှိ ခုန်လာရပြန်သည်။

“ငါ… ငါ တောင်းပန်ချင်လို့ပါ…။”

တိတ်ဆိတ်မှုအား ကျွန်တော့်ဘက်က စတင်ဖြိုခွင်းလိုက်မှ ချမ်းငြိမ်းလည်း အယောင်ယောင်အနနဖြင့် သူ့လက်ကလေးအား ပြန်ရုတ်လိုက်ရင်း ခေါင်းလည်းငုံ့သွားသည်။

“ဘာ… ဘာအတွက်လဲ…။”

“ညနေက ငါတို့ နမ်းမိ…”

“အဲ… ဟို… တောင်းပန်စရာမလိုပါဘူး။ မတော်တဆပဲဟာ။ ငါ သတိမထားမိတာလည်း ပါပါတယ်။”

ကျွန်တော် ချမ်းငြိမ်းမျက်နှာကလေးကို တစိမ့်စိမ့်ကြည့်ရတာ သဘောကျနေမိသည်။ တစိမ့်စိမ့်ကြည့်ရင်း တသိမ့်သိမ့်လည်း ရင်တွေတုန်နေသည်။ ဒီနေ့မှ ကျွန်တော် ချမ်းငြိမ်းအပေါ် တစ်မျိုးတစ်မည်လေး ခံစားနေရသည်ကတော့ အမှန်ပါ။

Secret LoveWhere stories live. Discover now