သော်တာ ဖုန်းကို သဲကြီးမဲကြီးကြည့်နေကာ မျက်နှာကလည်း ပြုံးဖြဲနေသည်။ ဒီနေ့ သူတို့အားလုံးထဲတွင် နောက်အကျဆုံးဖြစ်နေသူမှာ ကျော်စွာဖြစ်သည်။ သော်တာ မနေနိုင်စွာ ချမ်းငြိမ်းကိုပင် ဖုန်းကိုထိုး၍ ပြလိုက်သေးသည်။
“ဟယ့်… သူတို့နှစ်ယောက်ကိုကြည့်ရတာ ငါ အာရုံတွေ ရနေပါတယ် ဟယ်…”
“သော်တာရယ်… နင် ငါ့ကို ဒီပုံပြပြီး ဒီစကားပဲပြောနေတာ ၅ကြိမ် ရှိနေပြီ…”
ချမ်းငြိမ်းပြောတော့ သော်တာ့နှုတ်ခမ်းလေးက စူပုတ်ပုတ်…။ အတွန့်တက်ကာ ချမ်းငြိမ်းမျက်နှာရှေ့ ဖုန်းကို အတင်းထိုးပြနေပြန်သည်။
“နင် ကြည့်စမ်းပါဟယ်… ငါ ထင်တာ မှန်တယ်မလားလို့…”
ရန်နောင် မနေသာတော့ပါ။ ချမ်း မျက်နှာရှေ့ အတင်းထိုးပြနေသော ဖုန်းကို လုယူလိုက်ကာ ပိတ်လိုက်သည်။ သော်တာ့ အကြည့်တို့က ရန်နောင့်ဆီ ဒိုင်းခနဲ…။
“ရန်နောင်… နင်…”
“မျက်စိတွေကို နောက်နေတာပဲ…။ နင် သိချင်ရင် ဟိုမှာ ကျော်စွာ လာနေပြီ…။ သူ့ကို တိုက်ရိုက်မေးလိုက်ပေါ့…။ ငါ့ ချမ်းကို လာမရှုတ်နဲ့…”
“နင်နော်…”
ရန်နောင် သော်တာ့ကို ဘာမှ ထပ်မပြောတော့ဘဲ ဘေးက ချမ်း၏ ပုခုံးလေးအား ဖက်ထားလိုက်သည်။ သော်တာလည်း ဘာမှ ဆက်မပြောတော့…။ ရန်နောင် မေးငေါ့ပြသော အတန်းတံခါးဝ နေရာသို့သာ လှည့်ကြည့်လိုက်သည်။ သော်တာ့ မျက်ဝန်းတွေ လတ်ခနဲ…။
“အဲတာဆို ညက ကိုယ်တင်လိုက်တဲ့ ပုံကြောင့် ညီ စိတ်မဆိုးဘူးပေါ့နော်…”
“ဟုတ် စိတ်မဆိုးပါဘူးဗျ…”
ခပ်တည်တည်သာ နေတတ်သော သုတ၏ အပြုံးတွေ ယခု အသက်ဝင်လွန်းနေသည်။ ဒီအပြုံးတွေက ညီနဲ့မှ ဖြစ်လာရတာ…။
“ကဲ… အတန်းရှေ့လည်း ရောက်ပြီဆိုတော့ ကိုယ်လည်းသွားတော့မယ်နော် ညီ…။ ထမင်းစားဆင်းရင် ကိုယ် လာခေါ်မယ်…”
“ဟုတ် အစ်ကို… ဖြေးဖြေးသွားပါဗျ…”
သုတ ထွက်မသွားခင် ကျော်စွာ၏ ခေါင်းကလေးအား တစ်ချက်ပုတ်သွားလိုက်သေးသည်။ ကျော်စွာ ရင်ခုန်လွန်းစွာ ခေါင်းကို ငုံ့၍ ပြုံးမိသည်။ သော်တာတင်မက အတန်းထဲက ကောင်မလေးတွေရဲ့ အာရုံတွေက အတန်းရှေ့က အချစ်ငှက်လေး နှစ်ကောင်ဆီမှာသာ…။
YOU ARE READING
Secret Love
RomanceUnicode နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။ Zawgyi နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။