• မတွေ့ရတာကြာတဲ့ မဟုတ်သေးပြန်ဘူး ဆယ်နှစ်ကျော်ကြာကွဲနေတဲ့ လူတစ်ယောက်ကိုပြန်တွေ့တဲ့အခါ မင်းဘာလုပ်မလဲ •
ဒီပေါတောတောစာကဘာလို့ ငါ့စားပွဲပေါ်ရောက်နေရတာလဲ။
ယန်ခဲ့ကတော့ အလုပ်ကိုသေချာမလုပ်ပြန်တာလား။သေသပ်စွာဝတ်ဆင်ထားတဲ့ နက်ခ်တိုင်အား မညှာမတာဆွဲဖြုတ်လို့ ဆုံလည်ထိုင်ခုံပေါ်ထိုင်မိသည်။
နွေဦးရာသီရောက်လာပြီမို့လို့ များပြားလှတဲ့အလုပ်တွေက သူ့ကိုစောင့်ကြိုနေတာကြောင့် စိတ်ပင်ပန်းနေရတဲ့ကြားထဲ ဘယ်ကမှန်းမသိတဲ့စာတစ်စောင်က စားပွဲပေါ်ရောက်နေရတယ်လို့ !!!
"ဘော့စ် ဒီနေ့ဘာချိန်းဆိုမှုမရှိဘူး ပင်ပန်းနေရင် ဘော့စ်အိမ်ပြန်ပြီးအနားယူပါလား "
ယန်ခဲ့စကားပြောပြီးပြီးချင်း မျက်နှာသို့ပစ်ပေါက်ခံရသည့် စာတစ်စောင်။ ရိပေါ်လေးမရှိတော့ကတည်းက ဘော့စ်အရင်ကထက်ပိုပြီးစိတ်ဆတ်လာလေသည်။
ပစ်ပေါက်ခံရသည့်စာကိုကြည့်တော့ ဒါ ဒါက။
စီးပွားရေးကျကွက်ကျော်မြင်ပြီး မျှော်နေတဲ့သူကစာပို့တာကျတော့ မသိဘူး။စိတ်ပိန်တယ် !!
ယူလာသည့်ဖိုင်တွဲကြားထဲစာလေးကိုပြန်ညှပ်ပြီး စားပွဲပေါ်တင်ပေးလိုက်သည်။ သိရင်ပြန်ရှာခိုင်းတော့မှာကို အာရုံရနေတယ်။
"ဘော့စ်ခိုင်းစရာမရှိတော့ရင် ကျွန်တော် သွားပြီနော်"
ပြန်စကားကင်းမဲ့။
"ဒီနေ့ရိပေါ်ပြန်လာမယ်ပြောတယ် ဘော့စ် ကျွန်တော်သွားကြိုလိုက်ရမလား"
"ဘော့စ် ကျွန်တော်သွားကြိုလိုက်ဦးမယ်"
ရှောင်းကျန့် ယန်ခဲ့ပြောသောစကားတွေကြောင့် မှိတ်ထားသောမျက်လုံးကိုမဖွင့်မိအောင် တားဆီးနေရသည်။
ငါမထွက်သွားခိုင်းဘဲသွားတာလေ သွားကြိုစရာလား။
ပြီးတော့ ဘာလို့ပြန်လာတာလဲ။မျက်လုံးဖွင့်ကြည့်တော့ ယန်ခဲ့မရှိတော့။ ငါကလွဲရင်အကုန်လုံးကမင်းကိုဆို ခုထိသည်းသည်းလှုပ်နေကြတုန်း။ စိတ်ပျက်ဖို့ကောင်း။

DU LIEST GERADE
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...