4 - S2

1K 114 3
                                    

❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 4

ဒိုင်း 💥

" ဟင့်...ဟင့်..ဟင့်..."

ရိပေါ် မျက်လုံးကိုမဖွင့်ရဲ တွင်တွင်မှိတ်ကာ..ငိုနေမိသည်...
မျက်လုံးဖွင့်လိုက်လျှင် သူ့ကြောင့်သေဆုံးနေမည့်..တာ့ယောင်ကို မြင်လိုက်ရမည်ကို ကြောက်နေမိသည်...
စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသော လက်ကြောင့် သူတာ့ယောင်ကို သတ်မိသွားပြီဟုသာ...တွေးမိရင်း..မျက်လုံးအားမဖွင့်ရဲလိုက်...

ယွင်မား.."သား...မျက်လုံးကိုဖွင့်ပြီး တာ့ယောင်ကို ခေါ်လိုက်ပါဦး..."

YB. ."ဟင်...တာ့...တာ့ယောင်..."

သူ အလန့်တကြား ပါးကိုမော့ကြည့်လိုက်ချိန်...သူ့အားအပြုံးမည်လားမမည်လား မပီသသော အကြည့်တစ်ချက်ဖြင့် ကြည့်ကာ..ထွက်သွားလေသည်...
ပြီးနောက်...

"မင်း ဒီနေ့နားချင်နားလိုက်တော့...တစ်ရက်ပဲနော်..."

"ဟင်...တ..တကယ်နော်..ပါး ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်..ပါး.."

ပြီးနောက်...ကြိုးဖြင့် အတုတ်ခံထားရသော တာ့ယောင်အားပြေးကာ ကြိုးဖြည်ပေးပြီး..ရင်ခွင်ထဲပိုက်ထားမိသည်...
ထိုအချိန်ကစ၍ တာ့ယောင်သည် သူ့ဘဝ၏တစ်စိတ်တစ်ပိုင်းဖြစ်လာလေသည်
...........End of Past. ............

ရိပေါ်တို့အဖွဲ့ ကွေ့ရွာအုပ်စုသို့မသွားခင်..
ကျန့်ကျန့်အား အကြောင်းပြချက်ပေးရန်..ရိပေါ်အခန်းထဲဝင်လာခဲ့သည်...

သို့သော်...ပြတင်းမှတစ်ဆင့်...စိုက်ခင်းများအားကျော်ကာ...ဟိုးဝေးဝေးဆီမှ မြူများသိုင်းကာ..ရစ်နေသော တောင်တန်းများဆီ..ရီဝေဝေငေးကြည့်နေသော...ရှောင်းကျန့်ကြောင့် ရိပေါ် ညက သူ့အားအိမ်ပြန်ပို့ပေးရန်ပြောခဲ့သော စကားများအား ပြန်ကြားယောင်မိသည်..

ဟုတ်တော့လည်း ဟုတ်သည်လေ...
ရှောင်းကျန့် သူ့အိမ်..သူ့နေရာမဟုတ်ပဲ အသားလွတ်တော့ ဘယ်နေချင်ပါ့မလဲဟု..ရိပေါ်ကိုယ်ချင်းစာသော်လည်း...
တကယ်က သူကျန့်ကျန့်အား ပြန်မလွှတ်ချင်သေးပေ...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now