🍒 2 🍒

6K 510 12
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 2 🍒

"ညီ ရှောင်းကျန့် ဘာဖြစ်သွားသေးလဲ ဘယ်လိုဖြစ်ရတာလဲကွာ.."

"ဟို...ကျွန်တော့်ကိုဆရာမခေါ်တယ်ဆိုလို့ပါ.အမြန်ပြေးလိုက်မိတာ..ကျွန်တော့ဖိနပ်ကြိုးကို ဟိုလူလေ တတ်နင်းထားလို့..."

ဖန်ရှင်းလည်း ရှောင်းကျန့်ဖိနပ်ကြိုးကိုတတ်နင်းထားသည်ဆိုသောလူကို ကြည့်လိုက်ရာ...

"ဟင်...ဝမ်ရိပေါ်... "

ကော်ဖီအေးဘူးလေးအား အေးအေးလူလူသောက်ရင်း နှုတ်ခမ်းကို တစ်ဖက်တည်းတွန့်၍ ရယ်နေသော ရိပေါ်အား ဖန်ရှင်းဒေါသကြီးစွာကြည့်မိသည်...
မချိုမချဥ်ပြုံးနေသော ရိပေါ်မှ..

"အွန်း..ငါပဲ သားရီး...Sorry တမင်လုပ်တာမဟုတ်ဘူး..."

ပြောပြောဆိုဆို ထွက်သွားသော ရိပေါ်.. ခြေနှစ်လှမ်းလောက်လှမ်းပြီးချိန် ပြန်လှည့်လိုက်ကာ..

"အော် ဖန်ရှင်း..မင်းကို Sorry ပြောတာမဟုတ်ဘူးနော်..သိပ်ဘဝင်မြင့်မနေနဲ့ ငါက ဟိုကောင်လေးကိုပြောတာ...
အော...ကောင်လေး...ကိုယ်က Grade 10 က အခန်းနံပါတ်က A တစ်ခုခုမကျေနပ်ရင် လိုက်ခဲ့လို့ရတယ်...တစ်ခုပဲ ကိုယ်တော့ရှိချင်မှရှိမှာပေါ့...ဟက် "

"ဝမ်ရိပေါ် မင်း..."

ဖန်ရှင်းဒေါသထွက်ကာ ကျန်နေခဲ့ရသည်...
ရှောင်းကျန့်လည်း မိမိအမှားဟုသာတွေးလိုက်ပြီ...

"အစ်ကိုဖန်ရှင်း အက်ျီက ကော်ဖီတွေစွန်းသွားပြီ ကျွန်တော်ပြန်လျှော်ပေးမယ်..."

"အာ...ရတယ်ညီ ကိစ္စမရှိဘူး...သွားစရာရှိတာသွား.."

"ဟုတ်အစ်ကို ကျွန်တော်တောင်းပန်ပါတယ်...ညနေကို အိမ်ကိုလာခဲ့ပါမယ်.."

"အေးပါကွာ..ရတယ် ခေါင်းထဲမထားနဲ့ ဟုတ်ပြီလား...ညနေလာခဲ့လေအိမ်ကို အစ်ကို သီချင်းအသစ်တစ်ပုဒ်ရထားတယ် "

"ဟုတ်အစ်ကို.. "

ဖန်ရှင်းသည် Jinam မြို့သားဖြစ်၍ ဖန်ရှင်း၏ ပါပါးနှင့် ချုံချင်မှ ပြောင်းလာတာ တစ်နှစ်ခန့်သာရှိသေးသော ရှောင်းကျန့်ပါပါးနှင့်က သူငယ်ချင်းတွေဖြစ်၍ ကလေးချင်းပါ ရင်းနှီးနေပြီးဖြစ်သည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now