18 - S2

1K 92 21
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 18

"ကိုကိုရေ...💥"

"အင်း....ကျန့်ကျန့်..."

ဆိုင်မသွားခင် မီးဖိုခန်းထဲအလုပ်ရှုပ်နေသော ရိပေါ်...ကျန့်ကျန့်အော်သံကြောင့် အပေးအလွှားပြေးထွက်လာသည်....

"ကျန့်ကျန့် ဘာ...ဘာဖြစ်လို့လဲ..."

"ကိုကို ဒါဘာလုပ်ထားတာလဲ...ယတြာချေထားတာလား...ဘာလေးတွေစုထားလဲ.."

"အာ...ကျန့်ကျန့်ကို မပြောရသေးတာ...
ဟီး...ကျန့်ကျန့်အတွက်ရေးထားတာလေ..Diary.. "

"ဟောဗျာ...Diary က ဒီလိုလား..စာအုပ်နဲ့ မဟုတ်ဘူးလား..."

ကျန့်ကျန့်ပြောမည်ဆိုလည်း ပြောစရာပင်.
ဖန်ပုလင်းကြီး..ငါးခု..တစ်ခုစီမှာ ခုနှစ်တစ်ခုစီအား နာမည်ထိုး စာရွက်ဖြင့်ကပ်ထားသည်...
အထဲတွင်တော့ ကျောက်စရစ်ဖြူဖြူလေးများ...ခရုခွံလေးများအား...စာရွက်ခေါက်လေးများဖြင့် ချည်နှောင်ကာ ဖန်ပုလင်းထဲထည့်ထားလေသည်...
(တကယ်ဆို ရှောင်းကောအတွက် 1005 Diaries ကို အဲ့လိုလေးရေးချင်နေတာမို့...
Fic ထဲနေပဲ...ကိုကိုရိပေါ်ကိုရေးစေလိုက်မိတယ်)

"ကျန့်ကျန့်လေးကို ကိုကိုက စကားပြောနေချင်တာလေ.. ကိုကိုက ပြောခွင့်မှမရတာ..
အကယ်၍ ကျန့်ကျန့်လေးနဲ့ မဆုံတွေ့ရပါပဲ ကိုကိုသေသွားခဲ့မယ်ဆိုရင်တောင်...ကိုကိုအသေခင် ကျန့်ကျန့်ဆီ...ဒီစာပုလင်းလေးတွေအရောက်ပို့ပေးခဲ့မှာ...
ကျန့်ကျန့်ဖတ်သည်ဖြစ်စေ...မဖတ်ဘူးဖြစ်စေ...ကိုကိုကတော့...ကိုကို့စကားလေးတွေကို...ကျန့်ကျန့်ကို သိစေချင်တယ်..."

"ကိုကိုရယ်...နောက်ကို ကျန့်ကျန့်ကိုယ်တိုင်ပဲ ကိုကို ပြောတဲ့စကားတွေကို နားထောင်ပေးမယ်နော်...ကိုကို့စာတွေလည်း ဖတ်မယ်..."

"ကျေးဇူးတင်ပါတယ်...ကျန့်ကျန့်လေးရယ်...ကိုကို့ဘဝထဲကို နောက်တစ်ကြိမ်ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်..."

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now