❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 3 🍒ဆေးရုံမလှမ်းမကမ်းတွင် ကားကိုရပ်လိုက်ပြီး ရိပေါ် ရှောင်းကျန့်အား ကုန်းပိုးလိုက်ကာ ဆေးရုံထဲသို့ပြေးတော့သည်...
ရှောင်းကျန့်အား ကုသနေချိန်တွင် ရှောင်းကျန့်ဤသို့ဖြစ်ရသည်မှာ သူ့အပြစ်မကင်းသည်မို့ စိတ်မကောင်းဖြစ်ရသည်..
ရှောင်းကျန့်မိဘများဆီလည်း ဘယ်လိုဆက်သွယ်ရမှန်း သူမသိ...ခန္ဓာတစ်ခုလုံး အဆုပ်လိုက်အဆုပ်လိုက် အနီကွက်များထွက်နေကာ...အသက်ရှုကိုလုရှုနေရသော ထိုကောင်လေးကို မသက်မသာကြည့်ရင်း ရိပေါ်စိတ်ပူနေမိသည်...
ကျန်သုံးယောက်မှာလည်း ကားထဲတွင်ကျန်ခဲ့ကာ ဆေးရုံထဲသို့ဝင်မလာရဲဟုဆိုသဖြင့် သူတစ်ယောက်တည်းသာ အခန်းအပြင်တွင်စောင့်နေရသည်...
တစ်နာရီခွဲခန့်အကြာတွင်...အခန်းတွင်းမှ Nurse တစ်ယောက်ထွက်လာကာ..."ရှောင်းကျန့်လူနာစောင့်..ပါလား"
"ဟုတ်...ဟုတ်ပါတယ်..."
"ဟုတ်လား လူကြီးမပါဘူးလား မောင်လေး..."
"ဟုတ် မပါဘူး ဆရာမ.. ဟို..ဟိုကလေးက ဘယ်လိုနေလို့လဲ"
"ခု ဖြေဆေးတစ်ခုထိုးမလို့ ငိုနေတယ်...လာထိန်းပေးပါဦး..မင်းညီလေးကို"
"ဟုတ်"
ရိပေါ်ဝင်လိုက်သွားရသည်... အခန်းထဲတွင် ဖြစ်ကာစလောက်ထိ မပြင်းထန်တော့သော ရှောင်းကျန့်ကိုတွေ့ရသည်...သို့သော်ဖြူဖျော့ဖျော့လေး ဖြစ်၍နေသည်..."ဟင့်...အီး..ဟင့်..."
ကုတင်ပေါ်တွင် မလှုပ်နိုင်သလိုပက်လက်လေးဖြင့်... ဆေးထိုးအပ်ကို ကြောက်သလိုကြည့်ရင်း တအီအီငိုနေသော ကလေးရုပ်လေးကိုကြည့်ရင်း ရိပေါ် စိတ်လည်းညစ် သနားလည်းသနားမိသည်...
"ညီလေး..အစ်ကိုရှိတယ်နော်...ဆေးထိုးလိုက်မှဖြစ်မှာ ပြီးရင်ညီလေးအိမ်ကိုပို့ပေးမယ် ခဏလေးသည်းခံနော်..ဆရာကျွန်တော်ထိန်းပေးပါမယ်...ဆေးထိုးလိုက်နော်.."
"ဟင့်အင်း.. ဟင့်...အီးးး"
"ညီလေး ခဏလေးပဲနော် မနာပါဘူး အစ်ကိုရှိတယ်လေ နော်..."

YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Hayran Kurgu❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...