❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2..........
Part - 3"ဆရာ ဒါဆိုဘာဆက်လုပ်မလဲ.."
"ခက်တာပဲ ဝမ်းချောင်...မင်းကိုအဲ့လောက်လေးကအစ ငါလိုက်ပြောနေရမှာလား ဟမ်..."
"ဒါပေမယ့် ဆရာ.. ဒီ..ဒီ Caseက..."
"ဟ...အချက်အလက်တွေအကုန်လုံးကို ဖျောက်ပစ်လိုက်လေ...ပြီးတာပဲကို.."
"ဟုတ်ကဲ့ ဆရာ.."
ဝမ်းချောင်...စိတ်ညစ်မိသည်...လျန်ဝေ့..ပညာရေးဝန်ကြီးတစ်ယောက်မို့...သူလို ရာထူးအငယ်က ဘာပြောလို့ရနိုင်မည်နည်း...
အလိုလျောက်အာရုံရနေသည်က လွယ်လွယ်လေးမပြီးနိုင်သည့် ကိစ္စ...အကြောင်းက..ထိုသို့..'W' ဟုသာနာမည်တပ်ထားသော...အချက်အလက်များပေးပို့သူသည်...စုံလင်လှသော အကြောင်းအရာများ သက်သေအထောက်အထားများဖြင့်..နိုင်ငံတော်မှ ချပေးသော...ကျောင်းအသုံးစာရိတ်များအား...ပြည်နယ်က ဖြတ်ကာ...အသုံးစာရင်းပြ၍ သန်းပေါင်းများစွာ..ဖျောက်ဖျက်ပစ်လိုက်သော အကြောင်းအား...တင်ပို့လာခြင်းဖြစ်သည်..
ထိုမျှမကသေး...ဘေကျင်းမှ..အကြီးဆုံးနှင့်..Fund အရှိဆုံးကျောင်း၏ ကျောင်းသား သုံးဆယ်...လေ့လာရေးခရီးထွက်သော ကားအား ဗုံးခွဲပြီး...နိုင်ငံတွင်းမှ ကျောင်းသားတိုင်းတွင်...တရားမျှတမှုမရဟု ဆိုလာသည်...လျန်ဝေ့သည်လည်း ထိုကိစ္စဖြင့်ခေါင်းခဲနေရသည်...
ကားဗုံးပေါက်ကွဲမှုတွင်ပါခဲ့သော ကလေးအယောက်သုံးဆယ်သည်...ကျောင်းfund ကိုအကောင်းဆုံးထောက်ပံ့ပေးနေသော...အရှိန်အဝါကြီးမားသူတို့၏ သားသမီးများမို့...မိဘများကလည်း အငြိမ်မနေပဲ သူ့ခေါင်းသို့ဆိုက်လာလေသည်မို့....
..............ဖေးကျောက်.."သခင်လေး...ခုထိဘာမှမလှုပ်ရှားသေးဘူး..."
YB. ."အွန်းးး..."
ဖေးကျောက်.."ဘာဆက်လုပ်ကျမလဲ.."
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfiction❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...