🍒 22 🍒

1.8K 174 10
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 22 🍒

"ဟုတ်ကဲ့ ခွင့်ပြုပါဦး သူ့ဒယ်ဒီကို ကျောင်းကိုဝင်ကြိုရမှာမို့ပါ..."

"ဟုတ်ကဲ့ ပျော်ပါစေဗျ.."

ရိပေါ် ဝမ်ဖေးကျန့် အားချီကာ ကားပါကင်သို့ ထွက်လာရင်း ရှောင်းကျန့်၏ ကျောင်းဘက်သို့ဦးတည်လိုက်လေသည်...
Mini Market လေးတစ်ခုကို ရှောင်းကျန့်တားနေသည့်ကြားမှပင် သူချဲ့၍လုပ်ကိုင်မိရသည်...တစ်ဖြည်းဖြည်း တိုးတတ်လာသော စီးပွားရေးသည်...သူအပင်ပန်းခံနိုင်လွန်း၍ ဖြစ်တည်လာခြင်းဖြစ်ပေမယ့်...ရည်ရွယ်ချက်သည်...'ကျန့်လေးနှင့် သားအား အမြင့်ဆုံးတွင် ထားနိုင်ရန်သာ'. ..

ကျောင်းရှေ့တွင် အဆင်သင့်စောင့်နေသော ကျန့်ကျန့်...

"သားဒယ်ဒီက အသက်သာ သုံးဆယ်ကျော်တော့မှာ ခုထိစွံတုန်းတွေ့လား..."

"ဟိဟိ ဒယ်ဒီ..."

မျက်မှန်ဝိုင်းလေးဖြင့်...ဂျင်းပင်န်အပြာနုလေးနှင့် ရှပ်အဖြူပွပွလေးဝတ်ထားသော ကျန့်ကျန့်သည်...သူနှင့်စတွေ့ဖူးစ ဆယ်ကျော်သက်လေးလိုပင်...ခုထိကလေးလေးတစ်ယောက်လိုသာ...

"သား...ပါပါးကားရပ်လိုက်ပြီးရင်...သားက ဒယ်ဒီလို့အကျယ်ကြီးခေါ်လိုက်သိလား... အဲ့ဒါမှ သားဒယ်ဒီ့ကိုငမ်းနေတဲ့ ဟိုကောင်မလေးတွေက သားဒယ်ဒီမှာ ပါပါးရှိမှန်းသိမှာ..."

"ဟုတ် ပါပါးးး"

"ဝိုး...ပါပါးသားကတော်လိုက်တာ...ရိုက်လိုက်ပါဦးကွ..."

ရိပေါ် ကားကို တမင်ပင် ခပ်လှမ်းလှမ်းမှာရပ်ပစ်လိုက်ပြီး...ကားမှန်တံခါးကိုချပေးလိုက်သည်...ဝမ်ဖေးကျန့်လေးမှာလည်း သူ့ပါပါးနှင့်လက်ဝါးချင်းရိုက်ထားသည့်အတိုင်း...

"ဒယ်ဒီ...ဒယ်ဒီ....သားတို့ဒီမှာ...ပါပါးနဲ့သားဒီမှာ...."

စူးစူးလေးအော်လိုက်သော အသံကြောင့် ရှောင်းကျန့်လှည့်ကြည့်လာပြီး သူ့သားကိုမြင်လိုက်သဖြင့် မျက်နှာလေးလည်း ဝင်းခနဲဖြစ်သွားရသည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now