❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 15ရိပေါ် မီးဖိုခန်းသို့ပြေးကာ သူ့လက်ပေါ်သို့ လေးကြိမ်မြောက်သော ဓားရာလေးထွင်းလိုက်သည်...နာကျင်မှုကြောင့် ညည်းညူမိသော အသံသေးသေးလေးက ခြောက်ကပ်ကပ်သာ...ပြီးနောက် ပထမနေ့များကအတိုင်း...ထိုဒဏ်ရာလေးအား...ချက်ချင်းပင် ပတ်တီးလေးဖြင့်ပတ်ကာ...သွေးမမြင်အောင် လုပ်ပြီးမှ ကျန့်ကျန့်အားတိုက်ရန် အလျှင်အမြန် အိပ်ခန်းသို့ ပြန်ဝင်လာခဲ့သည်...
"ကျန့်ကျန့် ဖြေဆေးသောက်ရအောင်နော် လာ..."
"ရတယ်...ကိုကိုမတိုက်နဲ့ မားပေး...သားဘာသာ သောက်မယ်..."
ရိပေါ်အသာပင် အနောက်ဆုတ်နေလိုက်ပြီး...ကျန့်ကျန့်သောက်ပြီး၍ ပန်းကန်လှမ်းပေးသည်ကို ကျန့်မားမှတစ်ဆင့်ယူလိုက်ပြီး..အခန်းအပြင်ထွက်ရန် ကျောခိုင်းလိုက်ချိန်...
"ကိုကို...ခင်ဗျား ကျန့်ကျန့်အခန်းထဲ မလာနဲ့တော့ ...ခင်ဗျားကိုမြင်တိုင်း မီးတောက်နေတဲ့ ကျောင်းကားကိုပြေးပြေးမြင်လို့ သတ်မိသွားမှာစိုးလို့..."
". ............"
ရိပေါ် ကျန့်ကျန့်ပြောသည်ကို နောက်လှည့်မကြည့်ပဲ...ကြားသည် လက်ခံပါသည်ဟု အဓိပ္ပါယ်ပါသော ခေါင်းငြိမ့်မှုတစ်ခုသာ ပြု၍ အခန်းထဲမှ ထွက်ပြီးနောက်...
ရေချိုးခန်းသို့ ပြေးရပြန်သည်...
ပွက်...အ...ဟားးးးးပွက် ....
ရင်ဘက်အားဖိ၍ သွေးစများ အန်ထုတ်လိုက်ပြီး...ရင်ဘက်ထဲကနာကျင်စွာဖြင့် ငိုကြွေးမိသည်...
အု....ပွက်....
တစ်ဖြည်းဖြည်း ပမာဏများလာသော... သွေးများက ကျန့်ကျန့်၏ စကားလုံးများထက်တော့ သူ့ကိုမနှိပ်စက်နိုင်ပေ...
: ကျန့်ကျန့်လေးကို ၇ရက်စာ ဖြေဆေးပေးပြီးရင်...ကိုကို အသက်ရှင်ရမယ့် အကြောင့်တရားမရှိတော့ပါဘူး...ပြီးသွားပါပြီ..ကျန့်ကျန့်လေးရယ်...:
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfic❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...