16 - S2

1K 99 31
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 16

(Jinamမြို့.....)

မော့ကတော်.."သား...လာလာ...တုန်အိုက်...ဧည့်သည်အထုတ်တွေကို ဧည့်သည်နားနေခန်းထဲပို့လိုက်.."

ကျန့်မား.."ရပါတယ်..ညီမလေးရယ်..အလုပ်တွေလည်းရှုပ်ရပြီ..."

မော့ကတော်.."မဟုတ်တာ...ကျဲရေ အရမ်းကို ထူးဆန်းတာတစ်ခု ကျဲတို့ကိုပြချင်လို့ ရအောင်ခေါ်လိုက်တာ...ဟော..အစ်ကိုမော့လာပြီ.."

မော့ယွီ.."ဟော..အစ်ကိုရှောင်း ကျဲ သားရောပါလာတယ်..ထိုင်ကျပါဦး..နားပါဦး..
ခရီးရောက်မဆိုက်ဆိုပေမယ့်...ကျွန်တော်ဧည့်သည်တစ်ယောက်ဖိတ်ထားတယ်...အဲ့ဒါ အစ်ကိုရှောင်းတို့နဲ့တွေ့ပေးချင်လို့...
အဓိက က သားရှောင်းကျန့်..."

XZ. ."ဟုတ်ကဲ့ပါ ဦး...ကျွန်တော်လည်း စိတ်ဝင်စားနေပါတယ်...ကျွန်တော်က ဘယ်လိုမျိုးဆက်စပ်နေတာလဲဆိုတာ.."

ရှောင်းကျန့်တို့မိသားစုနှင့် မော့ယွီမိသားစု စကားပြောနေစဥ်တွင်ပင်...ကားတစ်စီးရောက်လာကာ ကျန့်ပါးနှင့်ရွယ်တူလောက်ရှိမည့် လူကြီးတစ်ဦးအိမ်တွင်းသို့ဝင်လာသည်...

မော့ယွီ.."လာ...အားယွမ်...ထိုင်ဦး..မိတ်ဆက်ပေးမယ်...အစ်ကိုရှောင်း..ဒါအားယွမ်..အော်..နာမည်က ...စစ်ကျွေးပါ..ကျွန်တော်တို့ငယ်သူငယ်ချင်းတွေကတော့ အားယွမ်ပဲခေါ်တာ...
အားယွမ်..ဒါအစ်ကိုရှောင်း...အာ..ဟေ့ယောင်...မင်းမျက်လုံးလည်း ကျွတ်ထွက်ဦးမယ်..."

အားယွမ်.."အင်..အေး..အေး...ဟို..ဒီသားလေးက...ငါ့မားပြဘူးတဲ့ ဓာတ်ပုံတွေထဲက
ငါ့အဖိုးတွေထဲက..တစ်ယောက်ငယ်ငယ်ကနဲ့...တူ...တူနေလို့.."

မော့ယွီ.."အေး..မင်းကိုခေါ်လိုက်တဲ့ အဓိကအကြောင်းက အဲ့ဒါပဲ...သားနာမည်ကို ငါပြောပြရဦးမလား...ရှောင်းကျန့်တဲ့..."

အားယွမ်.."ဘာ...."

မော့ယွီ.."ဖြည်းဖြည်းအော်ပါဟ...မင်းကလည်း "

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now