❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2..........
Part - 2.........အတိတ်.........
ဝမ်ကျား.."ရိပေါ်...မင်းယောက်ျားမဟုတ်ဘူးလား..ဒါလေးတောင်အားမပါဘူးလား..ဟမ်..."
YB. ."ယာ့...အင့်...ယာ့..."
ဝမ်ကျား.."ဒီပုံစံနဲ့ မင်းကိုငါဘယ်လိုအားကိုးရမှာလဲ...အိုက်ဖန်း ဒီကောင့်ကိုစောင့်ကြည့်ထား...မနားစေနဲ့.."
အိုက်.."ဟုတ်ကဲ့ သခင်ကြီး.."
အသက် ရှစ်နှစ်သာရှိသေး၍ နုနယ်သေးသောလက်ကလေးများက...ကောက်ရိုးဖြင့် လူပုံစံဖော်ထားသော အရုပ်အား..ထိုးကာ လေ့ကျင့်ရသည်...
မိုးရွာရွာ..နေပူပူ နှင်းကျကျ စိတ်ကျေနပ်သည့်အနေအထားမရောက်မချင်း..လုံးဝပေးမနား...
ရုပ်ပိုင်းဆိုင်ရာ..သန်စွမ်းအောင်လေ့ကျင့်ပေးထားသည်...
နေရာက Hailar မြို့ အနီးတောတွင်းစခန်းငယ်တစ်ခု...မွန်ဂိုလီယားနှင့်နီးစပ်သလို ရုရှားနှင့်လည်းနီး၍ အနီးဆုံးမြို့ Qiqihar မြို့ဖြင့်ပင်...အတော်လှမ်းသည့်တရုတ်နိုင်ငံ၏ အစွန်ဆုံးမြို့ငယ်လေး...ရိပေါ်လူဖြစ်စကတည်းကပင်...ဤနေရာတွင်ကြီးပြင်းရှင်သန်ခဲ့ခြင်းဖြစ်သည်...
အခြားကလေးများကဲ့သို့လည်း ကျောင်းသွားရခြင်းမရှိပေ...စခန်းရှိကလေးများအား...ပါးပင်စာသင်သည်...စာသင်ကြားရေး စနစ်ကို မကြိုက်ဟုဆိုခဲ့သည်...ထို့ကြောင့်....
ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်သော ရိပေါ်၏တစ်နေ့တာအချိန်ဇယားများသည်...
နေ့လည်ဘက် ခန္ဓာကိုယ်သန်စွမ်းရန် သင်ကြားလေ့ကျင့်ရသလို...ညဘက်တွင်..စာသင်ရသည်...
သူများထက်ပိုထူးစွာ..ငယ်ဘဝကပင်..English Russian နှင့် Spanish ဘာသာစကားများပါသင်ကြားရသည်...
ထိုမျှမကသေး...တောထဲစခန်းတွင်နေရသော်လည်း...မြို့ပြ၏ မြင့်မားသော အဆင့်အတန်းအားမှီနိုင်ရန်...စားသောက်နေထိုင်ပုံကိုပါလေ့ကျင့်ပေးသည်...
တူဖြင့်သာမက ဇွန်းခရင်း..ဓားကိုင်ကာ စားသောက်ပုံများကိုပါ..သင်ကြားလေ့ကျင့်ပေးထားသည်...
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfic❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...