🍒 9 🍒

3K 280 3
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 9 🍒

လမ်းတွင်တော့ ဘယ်နှစ်ခါမှန်းမသိ သူ့နှုတ်ခမ်းလေးအား လက်ဖြင့်တို့ထိရင်း... ရင်ထဲတွင် တစ်သိမ့်သိမ့်လှုပ်ခက်လျှက်..
သူ​ပြောသမျှ မျက်လုံးလေးဝိုင်းစက်နေအောင် နားထောင်နေရင်း ယုံနေသော ယုန်ပေါက်လေးကို အချစ်တွေတိုးတိုးလာရသည်..

ကျန်နေခဲ့သော ရှောင်းကျန်မှာလည်း... အချိန်ကြာလာမှ 'တစ်မျိုးကြီးပဲ'ဟု ရင်ခုန်နေမိရသည်မို့...'အော် စောနကဆိုင်ကယ်စီးလာမိလို့ ရင်တုန်နေတုန်းဖြစ်တာထင်မယ်' ဟုသာ အဖြေရသွားသည်...

ခဏအကြာတွင်...ဖန်ရှင်းလည်း ရှောင်းကျန့်အိမ်၏ သစ်ခွဥယျာဥ်အငယ်လေးနားရှိ ဒန်းလေးစီခေါ်သွားရင်း ရိပေါ်နှင့်ပက်သက်မှုများအားမေးတော့သည်...

"ကျန့်ကျန့် ကို့ကိုမလိမ်ပဲသေချာပြော..ရိပေါ် ကျန့်ကျန့်ကိုဘာလုပ်သေးလဲ..."

"မလုပ်ပါဘူးကိုရယ်...တကယ်ကို ကျန့်ကျန့်ကိုကယ်ပေးတာ...ကိုထိုးလိုက်တော့ ကျန့်ကျန့်အားနာတယ်...နောက်ကို အရမ်းလက်မပါပါနဲ့ကိုရာ "

"အင်းပါ...ကျန့်ကျန့်ပြောတာယုံပါတယ်...နောက်ကိုအပြင်သွားချင်ရင် ကို့ကိုပြော ကိုလိုက်ပို့ပေးမယ်..."

"ဟုတ်...ကို"

"ကျန့်ကျန့်..."

"ဗျာ.."

"မကြာတော့ဘူး...ကျန့်ကျန့် အသက်ဆယ့်ငါးနှစ်ပြည့်တော့မယ်ဆိုတော့လေ...ကို...ကိုတစ်ခုတောင်းဆိုချင်တယ်..."

"အင်းဘာလဲကို..."

"ဟို...ကို..ကိုလေ...ကျန့်ကျန့်ကို.. ဟို နမ်းခွင့်ပေးပါလား "

ဖန်ရှင်း၏ စကားသံအဆုံးတွင် ရှောင်းကျန့်နားထဲ၌ 'အဲ့ကောင်ကညစ်ပက်တယ် ရွံစရာကြီး' ဆိုသော ရိပေါ်ပြောခဲ့သော စကားသံကိုပြန်ကြားရင်း ရှောင်းကျန့်အသည်းအသန်ငြင်းတော့သည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now