❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 14 🍒ဘိုးဘိုးရှောင်းကျန့် တစ်ရေးနိုးချိန်တွင်တော့...
: ဟင်...ငါအိပ်တုန်းက ခေါင်းအုံးပေါ်မှာပါ..ဘယ်လိုလုပ် ကိုကို့လက်မောင်းပေါ် ပြန်ရောက်နေပြန်တာလဲ..:
အသာလေးခေါင်းကိုကြွကာ... ခေါင်းအုံးပေါ် ပြန်အိပ်ရန်ပြင်လိုက်သည်...
"ကျန့်လေး...မပြောင်းနဲ့တော့ ကိုကို့လက်မောင်းပဲ အုံးပါ...ကိုကိုမအိပ်တတ်ဘူး.."
"ကိုကိုနိုးသွားပြီလား.."
"အင်း...ကလေးက ခေါင်းအုံးပေါ်ပြန်အိပ်မလို့လား..ပြီးရင် အိပ်ချင်မူးတူးနဲ့ ကိုကို့လက်ကိုပဲ ပြန်ဆွဲပြီးအိပ်ဦးမှာမလား ဟားဟား "
"ဟုတ်လား ဟီးဟီး "
"အိပ်အိပ်ကလေး...ခဏနေ အာရုံတတ်တော့မယ်..."
"ဟုတ်..."
ဘိုးဘိုးရှောင်းကျန့် ၏ ပုခုံးစွန်းလေးအား ဖက်လိုက်ပြီး...ကလေးသိပ်သလို ပုတ်ပေးလိုက်သဖြင့် ပြန်အိပ်ပျော်သွားလေတော့သည်...
ဘိုးဘိုးရိပေါ် ရင်ခွင်ထဲမှ အရေးအကြောင်းများဖြင့် ဖြစ်နေပြီးသော ဘိုးဘိုးရှောင်းကျန့်အား ပြတင်းမှဝင်နေသော လရောင်ဖြင့် ငုံ့ကြည့်လိုက်ရင်း... နဖူးလေးအား ငုံ့၍ မွှေးကြူလိုက်ကာ.. သူလည်းပြန်အိပ်စက်ရန်ကြိုးစားလိုက်သည်...
သို့သော်...အတွေးများဝင်လာမိပြန်သည်မို့...
...............Past. ...............
"ဝါးးးအစ်ကို...ကျောင်းက မိုက်လိုက်တာ.."
"ဟုတ်ပါ့ ကျန့်ကျန့်လေး..."
ရိပေါ်နှင့်ရှောင်းကျန့် Hangzhou ရှိ Art Academy တစ်ခုသို့ တတ်ရောက်ရန် ရောက်နေခြင်းဖြစ်သည်...
(နေရာဒေသနာမည်တွေ အဆင်ပြေသလိုအသံထွက်ပါ😁😁 Google ကရှာထားတာမို့ ကိုယ်တိုင်လည်း မထွက်တတ်ပါဘူးဗျ)
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfic❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...