🍒 29 🍒

1.5K 136 14
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 29 🍒

"ကိုကို သမီးကဘာတဲ့လဲ.."

"ဘာမှမဟုတ်ပါဘူး လုပ်ငန်းအကြောင်းမေးတာ...ခဏလေးနော် ကျန့်လေး.."

ထမင်းစားနေရင်းမှ ရိပေါ်ထထွက်ကာ ရှောင်းကျန့် မကြားနိုင်သောနေရာသို့သွားလိုက်သည်...

"အေး...သမီး စိတ်အေးအေးထားနော်...ပါပါးရှင်းပေမယ်...သမီး..နော်..သားကိုဆက်သွယ်ကြည့်ပါဦး...ထပ်ပြီးတော့.."

". ................."

"ဟုတ်လား နောက်ဆိုတစ်ခုခုဆို ပါပါးကိုချက်ချင်းဆက်သွယ်နော်...ပါပါးကျန့်ကို မပြောနဲ့ဦးနော် သမီး..."

". ..............."

"အေးအေး...ပါပါးထင်တာတော့ ဖုန်းအားကုန်တာမျိုး တစ်ခုခုနေမှာပါအရမ်းမစိုးရိမ်နဲ့ သားငယ်က အလုပ်နဲ့ပက်သက်ပြီး..လောဘကြီးတယ်မလား..အခုလည်း ကုန်သယ်တဲ့နေရာများပါသွားလားမှမသိတာနော် သမီး..."

". .............."

"အေးအေး မငိုနဲ့တိတ်တိတ်...ပါပါးစုံစမ်းပေးမယ်...နေကောင်းအောင်နေနော်..ဒါပဲ ပါပါးဖုန်းချပြီနော်..."

ဝမ်ရိကျန့်ပျောက်နေသည်... သွင်းကုန်များ နှင့်ပက်သက်၍ ပြဿနာရှိသည်ဟု ဆိုကာ ကာနေ့လည်ကတည်းကပင် ကုမ္ပဏီမှ ထွက်သွားသည်ဟုသိရသည်...
ထို့ပြင် လောင်ကစားဖက်နေသည်ဟုပါ ထပ်လောင်းပြောလာသဖြင့် ရိပေါ်ခေါင်းရှုပ်နေမိသည်...

: သားငယ်ရေ ပါပါးက ဖက်ထုပ်ဆိုင်လေးကနေ mini market လေး..mini market လေးကနေ စားသောက်ကုန် တင်ပို့ကုမ္ပဏီဖြစ်အောင် လွယ်လွယ်ကူကူလေးရခဲ့တာမဟုတ်ဘူးသားရယ်..ဘာတွေလုပ်နေလဲကွာ...:

တစ်ခါကလည်း ကုန်သယ်ရာလမ်းတွင်ပြဿနာတတ်သည်ဟုဆိုကာ ဝမ်ရိကျန့်လိုက်ချသွားသည်...လဲ့ရှင်းကိုဘာမှမပြောခဲ့...ဟိုရောက်တော့ ပြဿနာကမပြီး၍ ပြန်မလာနိုင် ဖုန်းကအားကုန်၍ စက်ပိတ်သွားသဖြင့်...လဲ့ရှင်း မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မနည်းလိုက်ဆက်သွယ်ရသည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now