🍒 27 🍒

1.4K 141 2
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 27 🍒

"သားငယ် ဒယ်ဒီမသိစေနဲ့ဦးနော်..တော်ကြာ စိတ်ပူနေမယ်.."

"အာ စိတ်ချပါပါး ဒယ်ဒီမသိစေရဘူး.."

"Okay Shake. ."

"Shake. .ဟိဟိ.."

သားအဖနှစ်ယောက် လက်ချင်းချိတ်ကာ...ကတိယူလိုက်ရင်း...
ရိပေါ်...သားငယ်ကိုစည်းရုံးရေးအောင်မြင်၍ ကျေနပ်နေမိတော့သည်...
.................

နောက်ပိုင်း ရိပေါ်နှင့် ရိကျန့်လေး မကြာခဏ တွတ်တွတ် တွတ်တွတ်ဖြင့် စကားဆိုနေသည်ကို ရှောင်းကျန့်သတိထားမိသည်...
ပြီးတော့ သားငယ်အရင်ကထက် ပို၍လိမ္မာလာသည်မို့...သားအဖနှစ်ယောက် ဘာတွေကျိတ်ကြံစည်နေလဲဆိုတာကို စိတ်ဝင်စားနေမိသည်...
တစ်ညတွင်တော့..

"ကိုကို..."

"ဗျား..."

"ကိုကိုနဲ့ သားငယ်..ဘာတွေကျိတ်ကြံစည်နေကျတာလဲဟင်...နှစ်ယောက်သား တစ်ခုခုပဲနော် ကျန့်လေးသတိထားမိတယ်..."

"အင်း အော်..ဟို...ကျန့်လေး...သားငယ်က အသက်ဘယ်လောက်ရှိပြီလဲ"

"ဟင်...ကိုကိုကလည်း ဆယ့်ငါးနှစ်လေ...ဘာလို့လဲ..."

"ကျန့်လေး...ကိုကို ကျန့်လေးကို ဘယ်အသက်မှ စချစ်တာလဲသိလား..."

"ဆယ့်ငါးနှစ်မလား...အဲ့တုန်းက ကိုကို Grade 10 "

"အင်း...အဲ့လိုပဲ သားငယ်မှာ သူချစ်ရတဲ့ ကောင်မလေးရှိတယ်တဲ့"

"အာ...မဖြစ်ဘူးကိုကို ကျန့်လေးကိုဘာလို့မပြောတာလဲ...နေဦးသားမအိပ်လောက်သေးဘူး ကျန့်လေး သားငယ်ဆီသွားဦးမယ်..."

"ကဲ ကျန့်လေးရာ ဘာလို့သွားမှာလဲ...ဘာသွားပြောမှာလဲ ကျန့်လေးအဲ့လိုပြောမှာစိုးလို့ ကိုကိုက ကျန့်လေးကိုဘာမှမပြောတာ"

"ကိုကိုကလည်း သားကတော်ကြာ စိတ်တွေက ကယောက်ကယက်ဖြစ်လို့ လမ်းလွဲလိုက်သွားရင်ဘယ်လိုလုပ်မလဲ...သားငယ်က ကျန့်လေးတို့နဲ့ မတူဘူးလေ ကိုကိုရယ်.."

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now