❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 19"ကိုကို...ကိုကိုရေ..."
". ..........."
"ကိုကို...ကိုကိုဘယ်မှာလဲ...ပွဲဆီမလာတော့ဘူးလား...ဗိုက်ကနာနေတုန်းလား.."
ကျန့်ကျန့် မီတားနေသည့်ကြားမှ...
တော်တော်ဖြင့် ပေါ်မလာသော ရိပေါ်နောက်သို့ လိုက်ခဲ့တော့သည်...
ဗီးလေ့အားမေးသော်လည်း ဟိုပြောဒီပြောဖြင့် ဝေ့ဝိုက်နေသည်မို့..."အစ်...အင်း...ဟင်း.....ကျန့်ကျန့်.."
ရေချိုးခန်းဆီမှ ညည်းသံသဲ့သဲ့ကြားလိုက်ရသည်မို့...ကျန့်ကျန့်ရေချိုးခန်းဆီလာခဲ့မိသည်...
!ဟင်...ကိုကို..ဘာ...ဘာဖြစ်တာလဲ..!
Bathtab ထဲတွင်..ရေခဲတုံးလေးများပေါလောပေါ်နေသော ရေအပြည့်ထည့်ထားသည့်် ကန်ထဲ စိမ်နေကာ...ဝမ်းဗိုက်အား ဖိ၍ ညည်းညူနေရင်း..မျက်လုံးများ မဖွင့်နိုင်...နာကျင်မှုကို တင်းခံကာနေသော ရိပေါ်ကြောင့် ကျန့်ကျန့်...ရင်ထဲနင့်ရပြန်သည်...
"ကိုကို...ဟင့်....ကိုကို အဆိပ်ထလာတာလားဟင်..."
"အင့်...ကျန့်ကျန့်လေး..."
ယဲ့ယဲ့သော အပြုံးကိုကြိုးစားပြုံးပြလာပြီး
ကျန့်ကျန့်အား ကြည့်လာသည်..."ဟင့်...ကိုကိုရယ်..ကျန့်ကျန့်ကိုပြောလေဗျာ...ဟင့်..ဒီလိုခံစားနေရင်လည်း...အား..
ကိုကို့အသားတွေက...""အင်း.."
မျက်ရည်များတွေတွေကျလာရင်း...အနားကပ်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး...ရိပေါ်၏လက်အား ကိုင်လိုက်မိချိန်...အသားများက မီးခဲတမျှ ကျက်ကျက်ပူနေသည်ကို ခံစားလိုက်ရသဖြင့် ရောင်ရမ်းကာပင်.
အော်လိုက်မိသည်.."ကိုကို...ဟင့် ကိုကို..."
"ကျန့်ကျန့်လေး..ကိုကိုက ခဏနေရင်ကောင်းသွားမှာ....ကျန့်ကျန့်လေးပွဲကိုထားပစ်ခဲ့တာလား...အင်းးးး...အ..."
![](https://img.wattpad.com/cover/245424654-288-k526204.jpg)
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfiction❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...