🍒 6 🍒

3.6K 353 6
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 6 🍒

"အင်း ကိုကို ကျန့်လေးအိပ်ချင်နေပြီ...ချီ.."

"ကျန့်လေးကလည်း ကိုကိုမှ မနိုင်တော့တာ..လာလာ ကိုကိုတွဲခေါ်မယ်...မျက်လုံးမဖွင့်နဲ့နော်...တော်ကြာနိုးသွားမယ်.."

"အင်း...ကိုကို"

အခန်းထဲရောက် ရှုးတည်ပေး၍ အိပ်ရာထဲရောက်သည်အထိ ဘိုးဘိုးရှောင်းကျန့် မျက်လုံးမဖွင့်...
ထို့နောက် ဘိုးဘိုးရိပေါ်၏ ရင်ခွင်ထဲတွင်ဆက်လက်၍ အိပ်စက်ခြင်းသို့...

ကျလိ...ကျလိ...ကျလိ...
အာရုံလင်းယုံဖြင့် အော်တတ်သော ငှက်ကလေးများအသံကြောင့်...ဘိုးဘိုးရှောင်းကျန့် အနည်းငယ်ရှုံတွကာ ညည်းလိုက်သည်...

"အွန်း...".

"အင်း..အင်း ကျွတ်ကျွတ် အိပ်အိပ် ကျန့်လေး..."
ဘိုးဘိုးရိပေါ် ကျောလေးသပ်ပေးလိုက်ချိန် ပြန်ငြိမ်ကာ အိပ်ပျော်သွားသော ဘိုးဘိုးရှောင်းကျန့်...

တအောင့်အကြာ ဘိုးဘိုးရှောင်းကျန့် အိပ်နေတုန်းပင် ဘိုးဘိုးရိပေါ် အိပ်ရာမှ အသံမထွက်အောင် ထလိုက်ပြီး...ကိုယ်လက်သန့်စင်ခြင်း ဘိုးဘိုးရှောင်းကျန့်အတွက်ပါ ပြင်ဆင်ပေးခြင်းများ ပြုလုပ်ပြီးနောက်...မနက်ခင်းတိုင်းလုပ်​နေကျအလုပ်တစ်ခုပင်ဖြစ်သော...

"ပြွတ်...ကျန့်လေး...ထတော့ ကလေး မိုးလင်းပြီ..".

"အင်း ဟိဟိ ကိုကို မောနင်း..."

ဘိုးဘိုးရှောင်းကျန့် အား ပုခုံးလေးမှပွေ့ကာ ထူပေးလိုက်ရင်း...

"မောနင်းကလေး ထ ယာ့ ကလေးမျက်သစ်ဖို့ ကိုကိုလုပ်ပြီးပြီ "

"ဟုတ်..."

ကိုယ်လက်သန့်စင်ပြီး စားဖိုဆောင်သို့ ဘိုးဘိုးရိပေါ်မှ ဘိုးဘိုးရှောင်းကျန့်ပုခုံးလေးအား ဖက်ရင်းထွက်လာသည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now