❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 5"အင်...ဟင်..."
"ကျန့်ကျန့် ဇက်နာသွားလိမ့်မယ်...လာ ကိုကို့ကိုမှီထား..."
"အင်း..."
အဝေးပြေးလမ်းမပေါ်တွင် ဘေကျင်းသို့ ဦးတည်ကာ..တရိပ်ရိပ်ပြေးနေသည့် အဝေးပြေးကားကြီးတစ်စီး...
ရိပေါ်..ကျန့်ကျန့်ကိုလိုက်ပို့ပေးခြင်းမို့...နောက်အနာဂါတ်တွင်..ထိုကောင်လေးအား မတွေ့မမြင်ရတော့မည်မို့ ရင်ထဲမကောင်း...ယခုလည်း...ခေါင်းက ကားမှန်ကိုမှီကာ..အိပ်ပျော်နေသည်မို့..ရိပေါ်..ကျန့်ကျန့်ခေါင်းအား...အသာဆွဲယူလိုက်ကာ...သူ့ပုခုံးခေါ်မှီစေလိုက်သည်...
လည်ပင်နားသို့...ဝေ့ခနဲဝေ့ခနဲ ထိတွေ့လာသော...ကျန့်ကျန့်၏ အသက်ရှုထုတ်လိုက်သည့်လေများက သူ့အား..ကျီစယ်နေသကဲ့သို့...: ကလေးရယ်...ကိုကို မင်းလေးကိုပြန်မြင်ခွင့် ပြန်တွေ့ခွင့်ရပါတော့မလား...ပြန်ပို့ပေးလိုက်ရင်..ကျန့်ကျန့်လေးက...ကျန့်ကျန့်လေးရဲ့ ပုံမှန်ဘဝတစ်ခုမှရှင်သန်လည်ပက်မယ်...ကိုကိုကလည်း...ကိုကိုရဲ့ကြမ်းတမ်းတဲ့ ဘဝထဲမှာ..ဘယ်လိုကြုံရမယ်မှန်းမသိတဲ့ အန္တရာယ်တွေကြားထဲ ပြန်ပြီးလည်ပက်ရှင်သန်နေမယ်...
ကျန့်ကျန့်လေးကတော့ ကိုကို့ဆီကို ခဏတာဝင်နားတဲ့... သစ်ပင်ငယ်လေးတစ်ခုလိုပဲ...အတွေးထဲယောင်လို့တောင် မတွေးမိအောင်...မေ့ပျောက်သွားလိမ့်မယ်...
ကိုကိုကတော့..ကိုကို့ဆီကို ခဏတာလာရောက်နားခိုသွားတဲ့ ကျန့်ကျန့်လေးကို အမြဲလွမ်းနေမိမှာပဲ...:ကားလမ်းဘေးမှ တစ်ရိပ်ရိပ်ပြေးနေသော.
ရှုခင်းများကို..ကြည့်သာကြည့်ရင်းမမြင်နိုင်ပေ...
မခွဲမခွာအတူနေလိုသည့်သူတစ်ဦးအား...ခွဲခွာကာ ပြန်လည်ပို့ဆောင်ရသည့် ခရီးတာသည်...ရင်ကိုအစိမ်းလိုက်ခွဲကာ..မီးကျီခဲများသွတ်သွင်းနေသလို...
ပူလောင်နာကျင်ရပြန်သည်...! ဟင်းးး ကလေးရယ်..!
.........ရိပေါ်ပုခုံးအား မှီရင်းလိုက်လာနေသော ကျန့်ကျန့်မှာလည်း...နိုးနေသော်လည်း မျက်လုံးကိုမှိတ်ထားသည်မို့...ရိပေါ်နှုတ်မှပြောခြင်းမဟုတ်သော်လည်း...ရင်ထဲမှစကားများကို ကြားနေရသည်သလိုသာ..
နိမ့်ချည်မြင့်ချည် ရင်ဘက်၏ လှုပ်ခက်နေမှု နုနုလေးကိုပင်...သူတွယ်တာမိရသည်...
ရိပေါ်၏သက်ပြင်းချသံကိုလည်း...နားလည်နေရသည်...
![](https://img.wattpad.com/cover/245424654-288-k526204.jpg)
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfiction❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...