❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 Final 🍒"ကိုကိုရယ်...ဘာလို့ အဲ့ကိစ္စတွေကို တစ်ယောက်တည်း ခါးစည်းဖြေရှင်းခဲ့ရတာလဲ...ကျန့်လေးကိုလည်းပြောပြသင့်တာပေါ့..."
"အော်..ကလေးရယ်..."
ညနေက သားဝမ်ရိကျန့်ဆုံးသည့် ကိစ္စကြားပြီးကတည်းက ဘိုးဘိုးရှောင်းကျန့် အစားလည်းမစားတော့ပဲ ငိုနေသည်မို့...
ဘိုးဘိုးရိပေါ် မနည်းကိုချော့မော့နေရသည်..
ငိုနေသော ဘိုးဘိုးရှောင်းကျန့် မှာ မျက်လုံးများရဲမို့နေပြီမို့ တစ်ခုခုဖြစ်သွားမည်ကို ဘိုးဘိုးရိပေါ်စိတ်ပူလှသည်...
...........ထင်သည့်အတိုင်းပင်...ဘိုးဘိုးရှောင်းကျန့် အိပ်ယာထဲလဲတော့သည်မို့ ဘိုးဘိုးရိပေါ်လည်း အနားကမခွာ ပြုစုပေးမိနေသည်..
"ကျန့်လေး..နည်းနည်းလောက်စားနော်..ဒါမှအားရှိမှ မြန်မြန်နေကောင်းမှာလေ..."
"ဟင့် ကိုကို..မစားချင်ဘူး သားငယ်လေးက "
"ကျန့်လေးရယ်...သားငယ်ကကောင်းရာကိုရောက်နေပါပြီ..."
လဲ့ရှင်း.."ပါပါးကျန့် ဆေးသောက်ဖို့လိုတာမလို့ စွတ်ပြုတ်လေးသောက်နော်...ပြီးရင် အားဆေးလေးလည်းသောက်ရအောင်နော်..ပါပါးက လိမ္မာပါတယ်"
"ဟင့် ကိုကို သောက်ချင်ဘူး..ဆေးကလည်း ဒီတိုင်းမြိုချလို့ရတာမဟုတ်ဘူး အရမ်းခါးတယ်...တိုင်းရင်းဆေးရည်ကြီး.."
YB. ."ခက်တာပဲကလေးရာ..."
"အွန်..ကိုကိုသောက်ကြည့်ပါလား..ဟင်း.."
YB. ."အင်း... သမီးရေ...ပါပါးပဲဆေးတိုက်လိုက်မယ်နော်...သမီးနားနား...အလုပ်ကလည်း ပင်ပန်းတယ်..မြေးကိုလည်း ကြိုရပို့ရနဲ..နားတော့သမီး.."
လဲ့ရှင်း.."ဟုတ်ပါပါး...တစ်ခုခုဆိုသမီးကိုခေါ်လိုက်နော်... "
YB. ."အင်းပါ..စိတ်ချသမီး.."
ရိပေါ်လည်း သက်ပြင်းကိုချလိုက်ရင်း...ဆေးတိုက်ရန်ကြံရသည်...
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Hayran Kurgu❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...