❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 9: ကိုကို...ကျန့်ကျန့်က ကိုကို့ရဲ့ ပြောင်းလဲလို့မရတဲ့ကိုယ်သင်းနံ့လေးရယ်...ကိုကိုမျက်ဝန်းရဲ့ ဟိုးနက်နက်ထဲမှာရှိတဲ့..ကျန့်ကျန့်အပေါ်ထားတဲ့ အရိပ်အငွေ့တွေကို မမှတ်မိဘူးလို့ထင်နေလား ကိုကို...
ဒါပေမယ့် ကိုကို့မှာ အကြောင်းတစ်ခုခုရှိနေလို့သာ...ကျန့်ကျန့်ကို ဖုံးကွယ်ထားတယ်ဆိုတာ...ကျန့်ကျန့် သိပါတယ်..:ရင်ခွင်ထဲက အိပ်ပျော်မနေသော ကျန့်ကျန့်မှာလည်း...ပဟေဠိများစွာရှိနေသော်လည်း
အလိုလျှောက်သော နားလည်မှုများဖြင့်ပင်
အသံတိတ်ငိုကြွေးမိရသည်..ကလစ်...
"သား...ဟင်..."
YB. ."ဟို..အန်တီ..ကျန့်ကျန့် အိပ်ပျော်နေလို့.."(လေသံဖြင့်)
"ဟယ်...သားက ဆရာ့ကိုဒုက္ခပေးထားတာလား.."
YB. ."မဟုတ်ပါဘူး အန်တီ..သူဒီနေ့ စာအကုန်လုပ်ပြီးလို့ပါ.."
"အော်..ဟုတ်ကဲ့ပါ..ဆရာ ပြီးရင်..ဆရာနဲ့ စကားပြောချင်ပါတယ်..ဆရာမပြန်ခင် ကျွန်မနဲ့ စကားပြောရအောင်လေ.."
YB. ."ဟုတ်ကဲ့ပါ..အန်တီ.."
ကျန့်မားမှာ...ဒီတိုင်း ကျန့်ကျန့်အား...ခေါ်ရင်းဝင်လာမိချိန်...
သူ့သားအိပ်ရာပေါ်..ရိပေါ်ရောကျန့်ကျန့်ပါ ရောက်နေ၍ သားဖြစ်သူက ရိပေါ်အား ဖက်၍အိပ်နေကာ..ရိပေါ်မှ အိပ်နေသော သားအား ငုံ့၍ကြည့်နေသည်မို့...
သူမမျက်လုံးထဲ..မြင်၍ မကောင်းသလိုဖြစ်ရသည်...ထို့ပြင် တစ်စုံတစ်ခုအားလည်း စိုးရိမ်မိနေသည်မို့....: မားက ကိုကို့ကို ဘာတွေပြောမလို့လဲ...
မားကြည့်ရတာတော့ ကိုကို စာသင်နေတဲ့ တစ်ပတ်အတွင်းတော့ ဘာမှထူးထူးခြားခြားပြောတာမတွေ့ပါဘူး...ငါနဲ့ ဒီလိုပုံကိုမြင်သွားလို့များလား...ကိုကို့ကို မားဘာပြောမှာပါလိမ့်..:
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfic❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...