🍒 26 🍒

1.6K 144 3
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 26 🍒

"ကဲ ကျန့်လေး...အိမ်တောင်မရောက်သေးဘူး...ကိုကို့ကိုတောင်မကြည့်တော့ဘူး ကြည့်စမ်း..."

"အာ ကိုကိုကလည်း သားငယ်က ပိုအရေးကြီးတယ်လေ..ဟီး.."

"ဟားဟား...အေးပါကွာ..ကိုကို နန်းကျသွားတာပေါ့ဟုတ်လား..."

"ဟိီး ဟုတ်တယ်ခုတော့ ကျန့်ကျန့်ရဲ့ ဘုရင်လေးက သားငယ်ပဲ ကိုကိုဟုတ်တော့ဘူး.."

"ကောင်းကွာ ကျန့်လေးရာ..ဟားဟား "

အိမ်သို့ရောက်သော် ဝမ်းနင်နှင့်ဝမ်ချင် အဆင်သင့်စောင့်နေလေသည်...
ရှောင်းကျန့်မှာ အနှီးအနီစလေးဖြင့်ထွေးကာ နွေးနေအောင် ထုပ်ထားသော ကလေးသေးသေးလေး၏ မျက်နှာလေးကို မျက်လုံးမခွာကြည့်ရင်း အခန်းသို့ဝင်သည်မို့ ရိပေါ်တို့သုံးယောက်လည်း...နောက်မှလိုက်သွားရလေသည်...
...................................

(ဝမ်ရိကျန့် ခြောက်လအရွယ်...)

"ကိုကို...ဟင့်...ထပါဦး သားကိုယ်တွေပူနေတယ်..."

"ဟင်...ဟုတ်လား အင်းအင်း ကျန့်လေးအရမ်းစိတ်မပူနဲ့နော် မငိုနဲ့ မငိုနဲ့...ကိုကိုတို့ဆေးရုံသွားလို့ရတယ်...ခုဘယ်နှစ်နာရီလဲ..ဟင်..တစ်နာရီခွဲနေပြီ ကျန့်လေးမအိပ်ရသေးဘူးလား..."

"ဟင့် မအိပ်နိုင်ဘူးကိုကို...ညနေကတည်းက သားကိုယ်လေးကနွေးနေတာမို့..."

"အင်း..ညနေက ကျန့်လေးပြောတာကိုကို သိလိုက်ပေမယ့် အိပ်ပျော်သွားတယ်...ကဲကဲ ဆေးရုံသွားမယ်နော်..မျက်ရည်တွေနဲ့ကွာ...."

ရိကျန့်လေးအား မလွတ်တမ်းပွေ့ထားပြီး..ရှောင်းကျန့်အား မျက်ရည်များကိုသုတ်ပေးလိုက်သည်..
ထို့ပြင် ညဝတ်ဖြင့်ပင်အောက်ထပ်ဆင်းသွားသဖြင့် ရိပေါ်အနွေးထည်တစ်ထည်ကိုပါ မမေ့မလျော့ယူလာပြီး ကိုယ်ပေါ်လွှားပေးထားရသည်...
..........

"သခင်လေး...သံပုရာရည်လေးသောက်ပါဦး.."

ဧည့်ခန်းဆိုဖာတွင် ထိုင်နေရင်း...နားထင်ကိုဖိကာ ထိုင်နေသော ရိပေါ်အား ဝမ်းနင် သံပုရည်လာတိုက်ရသည်...
ရိကျန့်လေး...ကျောပူခေါင်းပူထသည်ကို အဖေနှစ်ယောက်လုံး စိတ်ပူလွန်နေသဖြင့် ဝမ်းနင်နှင့်ဝမ်ချင် ပါမနေနိုင်ကရုစိုက်ပေးနေရသည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now