7 - S2

809 89 2
                                    

❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 7

YB. ."ဟုတ်ကဲ့ ကျွန်တော် Spanish English ကိုကောင်းကောင်းနိုင်ပါတယ်.."

ရှီးချန်.."ဒါဆိုလည်း ဆရာ...အစမ်းခန့်တစ်လတော့လုပ်ကြည့်ပါ...လစာကတော့ (. .)ယွမ်ပါ..."

YB. ."ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."

ရှီးချန်.."မနက်ဖြန်ကစပြီး ဆရာ့ကို English Class တစ်ခုမှာ...Schedule ထည့်ဆွဲထားလိုက်ပါမယ်.."

YB. ."ဟုတ်ကဲ့ပါ ဆရာ...ကျွန်တော်မနက်ဖြန်ကို လာခဲ့ပါမယ်.."

ရိပေါ်..Language Center တစ်ခုတွင်..တမင် အလုပ်ဝင်ရန်အယောင်ပြခြင်းဖြစ်သည်...လစာသည်များလှသည်မဟုတ်
သူအတွက်လုံလောက်သော ငွေကြေးအင်အားရှိပြီးသားပင်..
ကျန့်ကျန့်နောက်လိုက်ရမည်...
ပြီးလျှင် သူ့နောက်ကြောင်းဖျောက်ချင်သည်မို့...သူ့တွင် ID Card အတု...Passport အတု...Visa အတုဖြင့်...
ဝမ်ရိပေါ်မှ...လန်ဝမ့်ကျီးဖြစ်သွားရသည်..

စာသင်ရာတွင် အတွေ့အကြုံမရှိသော်လည်း...နဂိုကပင်..အခံရှိပြီးသား သူ့အတွက်...အခက်အခဲများစွာမကြုံရ...
အစမ်းခန့်တစ်လအတွင်းမှာပင်...Center မှ ဆရာ..ဆရာမများကြား ကျောင်းသားများကြားတွင်..အရယ်အပြုံးနည်းသော ဆရာချောချောလေးအဖြစ်...နာမည်ရလာလေသည်...

အချို့သည်...စာသင်ကြားဖို့ထက်..ဆရာ့အား ကြည့်ချင်ပါသည်ဟု..လာသည်များရှိသည်...
(ငါလေးလိုပါပဲ 😁😁)

တစ်လအတွင်းစာသင်ကြားချိန်ပြင်ပတွင်..ကျန့်ကျန့်နောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်ရင်း...သို့မဟုတ်...အိမ်နားတွင်နေပေးခြင်းဖြင့် အဝေးမှစောင့်ရှောက်ပေးမိနေသည်...

တစ်ခုသော အတန်းဝင်နေချိန်....
ကလစ်..

"ဆရာ..ဝမ့်ကျီး...ဆရာရှီးချန် ခေါ်နေပါတယ်.."

"ဟုတ်ကဲ့ အတန်းပြီးရင် သွားလိုက်ပါ့မယ်.."

"ဟုတ်ကဲ့ပါဆရာ...တော်ကြာ အတန်းပြီးရင် ပျောက်သွားမှာစိုးလို့ လာပြေားထားတာပါ.."

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now