🍒 28 🍒

1.4K 142 6
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 28 🍒

"ဟင့် မား ဒါကသားရဲ့သားငယ်ပါ မားရဲ့မြေးပေါ့...ဝမ်ရိကျန့်တဲ့... သားငယ် ဒါသားရဲ့ အဖွားပဲ နှုတ်ဆက်လိုက်ပါဦး..."

ရိကျန့်.."ဖွားဖွား နိဟောင်ပါ..သားနာမည် ဝမ့ရိကျန့်ပါ.."

ကျန့်မား.."အို..အို...ဖွားမြေးလေးက ချောလိုက်တာ...လာပါဦးဖွားဆီ...ချစ်စရာကောင်းလိုက်တာ..မြေးရယ်.."

သားအချစ် မြေးအနှစ်ဆိုသော စကားအတိုင်းပင် မြေးမျက်နှာကိုမြင်သည်နှင့် ရှိသမျှအာဃာတများ မြူတစ်မှုံပင်မရှိတော့ပေ...
..............................

...တစ်ဖြည်းဖြည်း အချိန်ကာလ၏ တိုက်စားမှုများတွင်...အရာတော်တော်များများ ပါသွားရလေသည်...
အမုန်းများ...
အာဃာတများ...
အခက်အခဲများ...အပြင်...
ရိပေါ်၏ မားနှင့်ပါးလည်း လူ့လောကတွင် မရှိတော့... ကျန့်မားသည်လည်း ကျန်းမာရေးခြူချာလာပြီး လူကြီးရောဂါဖြင့်ပင်ဆုံးပါးသွားပြန်သည်...

အသက်အားဖြင့် ရိပေါ်သည် ငါးဆယ့်ရှစ်နှစ်ကျော်ခဲ့ပြီ ရှောင်းကျန့်မှာလည်း ငါးဆယ့်ခုနှစ်ကျော်နေပြီဖြစ်သည်....
ဝမ်ရိကျန့်၏ အသက် နှစ်ဆယ့်ငါးတွင် ယင်းလဲ့ရှင်း နှင့်တစ်အိုးတစ်အိမ်ထူထောင်သွားပြီး... ရိပေါ်၏စီးပွားရေးများကို လွှဲပြောင်းဦးဆောင်နေပြီဖြစ်သဖြင့် အိမ်ထောင်သက် သုံးနှစ်ခန့်ပင် ရှိတော့မည်...
.........

"အေး...သားရယ်...ကျန်းမာရေး ကရုစိုက်ကျနော်...ဒယ်ဒီတို့ဆီလည်း လာခဲ့ကျဦး.."

". ..........."

"အေး..မင့်ပါပါးလား သူ့သူငယ်ချင်းတစ်ယောက် နေမကောင်းလို့သွားတွေ့တယ်..."

". ............"

"အေးအေး ဟုတ်တယ်...ဦးဦးထျန်းရန်...အေး..လူကြီးရောဂါပါပဲကွာ...ဟို.."

". ........"

"အော်  ဟုတ်လား sorry sorry ဒယ်ဒီက အစည်းအဝေးရှိတာမသိလို့ ဆက်နေတာ အေးအေးသား...လုပ်လုပ် လုပ်စရာရှိတာလုပ်..."

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now