❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2..........
Part - 1"ရှောင်းကျန့်..မင်းနာရီကအသစ်လေးမို့လား...တစ်ခါမှပတ်တာမတွေ့ဘူး.."
"ဟုတ်တယ် ယီလန်ဖျင့်...ပါးဝယ်ပေးလာတာ...မနေ့က ပါး..US ကပြန်လာလို့...မင်းကြိုက်လို့လား..."
"အင်း..ဟိဟိ...ခဏပေး...ပတ်မယ်.."
ရှောင်းကျန့် အသက်က ဆယ်ငါးနှစ်ဖြစ်၍..မိသားစုမှာ..တစ်ဦးတည်းသော သားမို့..သူငယ်ချင်းအပေါင်းအသင်းကို လွန်စွာမက်မောသည်.
ယခု..သူတို့ကျောင်းမှ...ကျောင်းလေ့လာရေး ခရီးဟုဆိုကာ...ဘေကျင်းမှ..မိုင်ပေါင်းများစွာဝေး၍ ရှေးကျသော..ရွာငယ်လေးမှ..ရှေးဟောင်း ရုပ်ထုများ၏ သမိုင်းကြောင်းအား လေ့လာရန်စေလွှတ်ခြင်းခံရသည်...
ကျောင်းသား...သုံးဆယ်သာ...အားလုံးသည်...ပိုက်ဆံရှိသားသမီးချည်းသာ..."အားးးမ...မရတော့ဘူး "
"ဘာ..ဘာဖြစ်လို့လဲ..."
"ငါ...ရှုးပေါက်ခြင်းတာဟ..."
"အာ...ကားးဆရာ..ရှောင်းကျန့်လေး ရှုးပေါက်ချင်နေပြီ...ကားရပ်ပေးပါ..."
ထိုအသံက တစ်ဦးတည်းအသံမဟုတ်...ကျောင်းသားအယောက် ၂၀လောက်၏အသံ...
သူတို့ကျောင်းတွင်..ရှောင်းကျန့်သည်..အချစ်ခံလူသားလေး...ကရုစိုက်ခံယုန်ပေါက်လေး...
ယောက်ျားလေး..မိန်းကလေးမရွေး..ရှောင်းကျန့်အား ချစ်ကျသည်....
ချစ်စရာကောင်းထိုက်စွာ..ရှောင်းကျန့်သည်လည်း...စိတ်သဘောထားဖြူစင်လွန်းကာ...မာန်မာနမရှိ...အားလုံးကိုကြင်နာဖေးမစွာဆက်ဆံတတ်သူ....ကားကတုံ့ခနဲ ရပ်သွားသည်နှင့်...ရှောင်းကျန့်လှစ်ခနဲနေအောင်...ကွတကွတပြေးတော့သည်...အရှက်သည်းသူမို့...ကားဖြင့်ဝေးဝေးသို့...
ကားလမ်းမှာ တစ်ဖက်တွင်တောင်ကြောဖြစ်၍ တစ်ဖက်က ချောက်..အောက်ဘက်သို့ ဆင်းသွားလျှင်..သျှ်ိုတစ်ခုဆီရောက်နိုင်သည်မို့...
ကားသည်..တစ်ဖက်ကတောင်ကြော..တစ်ခက်က သစ်ပင်ထိပ်ဖျားနား ရပ်ထားသကဲ့သို့ ဖြစ်နေသည်လေ....
![](https://img.wattpad.com/cover/245424654-288-k526204.jpg)
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fiksi Penggemar❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...