❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 10(ဝမ်ပါးပေးထားသည်...ပထမရက်..)
"ရှောင်းကျန့်...တစ်ခုခုဖြစ်နေလား.."
"မဖြစ်ပါဘူး...ကိုကို...ဘာဖြစ်လို့လဲ"
"အော်..မျက်နှာက တစ်မျိုးမို့ပါ..."
"ကိုကို...လူတွေကလေ..တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုရင်...အဲ့ဒါကိုပုံဖော်ဖို့ဘာတွေလိုအပ်လဲ..."
"ဘာတွေလိုအပ်လဲဆိုတာကိုနောက်ထား ခုလောလောဆယ် ကိုကိုလို့ခေါ်တာကိုရပ်ပါ..ငါက မင်းရဲ့ ဆရာပါ...မင်းရဲ့ကိုကိုမဟုတ်ဘူး..."
"အင်းပါ..ဆရာ..ပြောပြပေးပါ.."
"မင်း ဘာလို့သိချင်တာလဲ...တကယ်ဆို..မင်းအသက်အရွယ်က.."
"ဆရာ...ကျန့်ကျန့်က ငယ်သေးပါတယ်လို့ပြောမလို့လား...
ကျန့်ကျန့် ဆရာ့ထက်ငယ်ချင်ငယ်မယ်..
ဒါပေမယ့် ကျန့်ကျန့်ရဲ့ နှလုံးသားခံစားချက်က မငယ်ဘူးဆရာ...ကျွန်တော်..ကိုကို့ကိုချစ်တယ်...
အော်...ဆရာ့ကိုပြောတာမဟုတ်ဘူးနော်..
ကျန့်ကျန့်ရဲ့ကိုကို...
ကိုကို့ ကို ကျန့်ကျန့် ချစ် တယ်..ဆရာ..."သူ့မျက်ဝန်းအား တည့်တည့်ဆိုက်ကြည့်ကာ တစ်လုံးချင်းပြောလာသော...စကားလုံးများနောက်တွင်..ခိုင်မာ
သော ခံစားချက်များရှိနေသည်...
'မိဘတိုင်းက ကိုယ့်သားသမီးကို အကောင်းဆုံးအရာတွေပေးချင်ကျပါတယ်...ဆရာနားလည်ပေးပါ' ဆိုသော ကျန့်မား၏ စကားများက မဖိတ်ခေါ်ပါပဲ နားထဲဝင်ရောက်လာပြန်သည်..."အင်း...မင်းကိုကိုလည်း သိမှာပါ..."
"ဆရာ...ကိုကိုက အရမ်းရက်စက်တယ်သိလား...🥺"
"ဘာလို့လဲ....မင်းကိုမချစ်ဘူးလား သူက "
"ချစ်တဲ့ပုံပါပဲ...ဒါပေမယ့်..."
". ..............."
"ဒါပေမယ့်...ကိုကိုက ကျန့်ကျန့်ကို အဆက်အသွယ်မလုပ်ဘူးဆရာ...
ကျန့်ကျန့်က သူ့ကိုဘာပဲဖြစ်ဖြစ် လက်ခံပြီး ချစ်နေမယ်ဆိုတာ သူ့ကိုဘယ်လိုပြောပြရမလဲ..."
![](https://img.wattpad.com/cover/245424654-288-k526204.jpg)
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fiksi Penggemar❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...