❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 23 🍒"ကဲ ကိုကိုလည်းမငိုနဲ့တော့...အို...ကိုကိုမျက်ရည်တွေအများကြီးကျနေပြီ...နောက်မငိုနဲ့နော်...ကျန့်လေးရှိသေးတယ်လေ..နော်.."
"အင်း ဟုတ်တယ်...ကျန့်လေးရှိတယ်..ကျန့်လေးကလည်း ကိုကိုရှိတယ် နော်..ကလေး.."
"ဟုတ်...ကိုကို..."
အနည်းငယ်ပြန်လည်တည်ငြိမ်လာသော ကျန့်ကျန့်ကြောင့် ရိပေါ်Jinam ကိုခဏအလည်အပတ်အဖြစ်...ခဏပြန်ရန်စီစဥ်လိုက်မိသည်...
............................(Jinam. ..)
"မား..."
"ဟော သားရောက်လာပြီလား...လာ ..သားကျန့်..နှစ်ယောက်လုံးပိန်သွားလိုက်တာ...စိတ်ကိုဖြေကျပါသားတို့ရယ်.."
ဝမ်ဖေးကျန့်သတင်း ကြားထားပြီးသား ဝမ်မားမှ ဆီး၍နှစ်သိမ့်ပေးလေသည်..."မား...ဟင့်...မား...ကျွန်တော်..ကျွန်တော့သားလေး...ဟင့်"
ရှောင်းကျန့် ရှေ့တွင်တင်းထားနိုင်သော စိတ်တို့သည်...မားနှင့်တွေ့ချိန်တွင် ကလေးတစ်ယောက်သဖွယ် ဖြေမဆည်နိုင်စွာ...ဝမ်မားကိုဖက်ရင်း ရိပေါ်ငိုမိသည်...
မတွေ့ရသည်မှာလည်း ဆယ်နှစ်ဝန်းကျင်ဖြစ်နေပြီမို့...
ဝမ်မားလည်း သားဖြစ်သူငိုသည်ကိုမြင်ရသဖြင့်..အပြင်မှာမမြင်ဘူးလိုက်သော မြေးကိုသာ တမ်းတရင်းငိုမိလေသည်..."ဟင့်...သားရယ်...ဟင့်..သားကျန့်လာလေ..လာသား..."
မက်တပ်လေးရပ်နေတုန်းဖြစ်ပြီး သူ့ကိုကိုက အမေ့ရင်ခွင်မှာကလေးတစ်ယောက်လိုပင် ငိုကြွေးနေသည်မို့ သူလည်းတိတ်တဆိတ်သာ မျက်ရည်ကျနေမိသည်...
"ဟုတ်မား..."
ဝမ်းမား..ရိပေါ်နှင့်ရှောင်းကျန့် တို့သုံးဦး ဧည့်ခန်းမှာတွင် တစ်ဦးနှင့်တစ်ဦးနှစ်သိမ့်ကာ ငိုကြွေးနေမိသည်...
................................"ကျန့်လေး...ထတော့လေ...နေတောင်တော်တော်မြင့်နေပြီဗျ...တော်ကြာခေါင်းတွေကိုက်နေမယ်..."
![](https://img.wattpad.com/cover/245424654-288-k526204.jpg)
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fiksi Penggemar❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...