14 - S2

822 92 16
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 14

"ဦးလေးဝမ်..ဟို...ရိပေါ်က ဦးလေးဝမ်ရဲ့ သားအရင်းမဟုတ်ဘူးဆိုတော့ သူက ဘယ်သူ့သားလဲ..."

"ဘယ်သူ့သားဖြစ်မယ်ထင်လဲ...ဟက်.."

ရိပေါ်တို့အား ထားခဲ့ကာ ဝမ်ပါးတို့ပြန်လာခဲ့သည်...ဝမ်ပါး၏မျက်နှာထက်တွင်တော့ ဝမ်းနည်းမှုများ အနည်းငယ် ရိုက်ခက်နေသည်...
ငယ်ငယ်ကတည်းက ရက်ရက်စက်စက်ပင်..ရိပေါ်အားလေ့ကျင့်ပေးခဲ့သည်...

ရည်ရွယ်ချက်သည်...
ပညာရေးလမ်းကြောင်းကို...အကြမ်းနည်းဖြင့် ပြုပြင်ရန်သာ...ပြီးတော့ ငါးကြင်းဆီဖြင့် ငါးကြင်းကြော်နိုင်ရန်...
မွေးစားခြင်းမည်လား မမည်လား သူမစဥ်းစားခဲ့ပေ...
ရှိခဲ့ဘူးသော အငြိုးတစ်ခုကြောင့်သာ...
ထို့ပြင်စိတ်မပျက်နိုင်သေးသော ပညာရေးလောက...

"ကျွန်တော် မစဥ်းစားတတ်ဘူး ဦးလေးဝမ်.."

"လျန်ဝေ့.."

"ဟင်..ဘယ်...ဘယ်လို ပညာရေးဝန်ကြီး လျန်ဝေ့က ရိပေါ်ရဲ့ပါးလား.."

". ........."

"ဒါ...ဒါဆို...ဟို..ကျွန်တော်ကြားထားတာ ဦးလေးဝမ်က အရင်က ကျောင်းဆရာတစ်ယောက်ပဲဆို.."

"အင်း...ထားလိုက်ပါ ခု ရိပေါ်ရဲ့စခန်းခွဲက အခြေအနေဘယ်လိုလဲ..."

ဝမ်ပါး နာကျင်သော အပြုံးတစ်ခုပြုံးလိုက်ပြီး..စကားလမ်းကြောင်းလွှဲပစ်လိုက်သည်.

"အရင်လိုပဲ ဦးလေးဝမ်...သတင်းရရင် သူတို့ချက်ချင်းပို့ပေးပါတယ်..ရိပေါ်ရှိတုန်းကလိုပဲ အလုပ်လုပ်တယ်.."

ဝမ်ကျားမု တစ်ချက်ပြုံးယောင်ယောင်ဖြစ်သွားပြီး...ချက်ချင်းပင် ပြန်တည်သွားသည်...
စိတ်ထဲတွင်တော့ ရိပေါ်အား ကျိတ်ကာ ချီးကျူးမိသည်...
သူ့အစဥ်အလာသည်...လူများအား အုပ်ချုပ်ရာတွင် ညှာတာပေး၍မရနိုင်..
သို့သော် ရိပေါ်သည်...အလုပ်အားတိတိကျကျလုပ်သလို...သူ့အဖွဲ့သားများအား..အုပ်ချုပ်ပုံ ပျော့သည်ဟု သူထင်ထားခဲ့သော်လည်း...ကောင်းစွာအုပ်ချုပ်နေနိုင်သည်မို့...ကျေနပ်မိသလိုခံစားရလေသည်...
...................

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now