🍒 15 🍒

2.6K 247 7
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 15 🍒

"ခုဆို ကျန့်ကျန့်အသည်းကွဲရမယ်လေ..ပြီးတော့ ဆယ်ရှစ်နှစ်ပြည့်ဖို့ သုံးရက်ပဲလိုတာ.."

"အာ..အသည်းကွဲတယ်ဆိုတာ..'ငါထမင်းမစားရသေးဘူး ထမင်းစားဦးမှ' ဆိုပြီး ထစားသလိုမျိုး ငါအသည်းကွဲဦးမှပါဆိုပြီး ထကွဲလို့ရတာမျိုးမှ မဟုတ်တာ.."

"အာ...မရဘူး...အသည်းကွဲချင်တယ်..
ဇာတ်လမ်းတွေထဲမှာလည်း ရည်းစားနဲ့​ပြတ်ရင် အသည်းကွဲတာပဲဟာကို.."

"ဟာ...ခက်တာပဲ ကျန့်ကျန့်ရာ.."

"အစ်ကို...💥"

"မဖြစ်ပါဘူး...ကဲ အစ်ကို တစ်ညစဥ်းစားမယ်...တကယ်လို့ အဖြေက Yes ဆိုရင် မွေးနေ့အကြိုညကျရင် အစ်ကိုကိုယ်တိုင်ဝယ်တိုက်မယ်..ဟုတ်ပြီလား..."

"အင်...အဲ့လောက်တောင်ပဲနော်...ဟွန့် "

နှုတ်ခမ်းလေးကို စူပုတ်ပြီး စောင့်အောင့်ကာ အိပ်ရာပေါ်တတ်သွားကာ...သူ့ကိုကျောခိုင်းအိပ်နေသည့် ကျန့်ကျန့်...

: ဖန်ရှင်းက အတင်းအကျပ်လက်ထပ်မယ်ပြောတယ်ထင်တယ်...ကြည့်ရတာ ငါနဲ့စိတ်မချတော့တာထင်တယ်...ကျန့်ကျန့်ကလည်း ကိုယ်တိုင်တာမသိတာ...ကလေးစိတ်နဲ့ ငါ့ကိုတော့ တွယ်တာသားပါ...ချစ်တယ်ကလေးရာ...ကိုကို ကလေးကိုချစ်တယ်..ပိုင်ဆိုင်ချင်တယ်...ဒါပေမယ့် ကလေးကိုပဲရွေးချယ်စေမှာပါ ကလေးရွေးချယ်တဲ့အတိုင်းပဲ ကိုကိုလက်ခံလိုက်မှာ..:
ရိပေါ်မသိလိုက်ပါပဲ စိတ်ထဲတွင် သူ့ကိုသူကိုကိုဟုသုံးနှုန်းပြီးသား ဖြစ်နေလေသည်..
...............................

"အစ်ကို ဟိဟိ အဖြေကဘာထွက်လဲဟင်.."

"ဟင် ဘာကိုလဲ.."

"အစ်ကို မယုတ်မာနဲ့နော်.."

"ဟောဗျာ...ဘာကိုများလဲ ကျန့်ကျန့်ရယ်.."

ကျောင်းသွားနေသည့်လမ်းတွင်...သူ့အားမေးနေသည့်ကျန့်ကျန့် စချင်သေးသည်မို့ သူမသိချင်ယောင်ဆောင်နေသည်ကို သူ့ရှေ့မှပိတ်ကာ ရပ်လိုက်ပြီး...တဖြည်းဖြည်း စူထွက်လာသော နှုတ်ခမ်းအစုံဖြင့် မေးနေလေသည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now