8 - S2

827 94 7
                                    

❤ ချစ်သူက စာဂျပိုး ❤💚 ကျွန်တော်က လူဆိုး 💚
.........Season - 2.........
Part - 8

"ကိုကို..."

"ဆရာ့နာမည်...လန်ဝမ့်ကျီပါ...Dream Language Center က One on One service နဲ့ special teacher သင်ပေးဖို့ လွှတ်လိုက်တာပါ..."

သူ့အားမြင်သည်နှင့် ဝင်းလက်သွားသော မျက်နှာနုနုငယ်ငယ်လေးအား ဥပေက္ခာပြု
၍ ရိပေါ် မျက်နှာကို တည်တည်ထားကာသာ နှုတ်ဆက်လိုက်သည်...
အနည်းငယ်အံ့အားသင့်သွားသလို မျက်နှာလေးကြောင့်..ရိပေါ်..လက်ထဲတွင်ရှိသော စာအုပ်များနှင့် Laptop အား မသိမသာ တင်းတင်းဆုပ်မိရသည်...

"ဟင်...ကို...ကိုကိုမဟုတ်ဘူးလား..."

"မဟုတ်ပါဘူး...ရှောင်းကျန့် လူမှားနေပြီထင်ပါတယ်...အောက်မှာလည်း...ရှောင်းကျန့်မားနဲ့ ဟိုဦးလေးတို့ မှားပါတယ်.."

"မ...မဖြစ်နိုင်တာ..."

"ဆရာတို့စလိုက်ကျမလား ရှောင်းကျန့်.."

"မ...မဟုတ်ပါဘူး...ကိုကို ကျန့်ကျန့်ကို အဲ့လိုစိမ်းစိမ်းမကြည့်ပါနဲ့..အဲ့လိုစကား စိမ်းစိမ်းမပြောပါနဲ့ နော်ကိုကို 🥺"

: ကျန့်ကျန့်ရယ်...အနီးကပ်မြင်နေရလို့..
ကိုကို မင်းလေးကို ဘယ်လောက်ပြေးဖက်လိုက်ချင်လည်းသိရဲ့လား...
ကိုကို့ကို မြင်လို့ဝင်းခနဲဖြစ်သွားတဲ့ မင်းမျက်နှာကို ကိုကို ညိုးသွားအောင် မပြောချင်ပေမယ့် အခြေအနေက ကျန့်ကျန့်ထင်သလောက်မရိုးရှင်းဘူး ကျန့်ကျန့်ရယ်.:

"ဟိုလေ..ရှောင်း...ရှောင်းကျန့်...ဆရာတို့ စာသင်ကျရင်ကောင်းမယ်..."

"ကိုကို...ကိုကိုနော်..."

"ဟူးးးခက်ပါလား ရှောင်းကျန့်ရယ်...
မင်းပြောတဲ့ကိုကိုမဟုတ်ဘူး...ရုပ်ချင်းဆင်တာဖြစ်ပါလိမ့်မယ်...
တကယ်လို့ မင်းကိုကိုပဲလို့ ဆက်ထင်နေရင်...ဆရာ တခြားဆရာတစ်ယောက်နဲ့ ပြောင်းပေးဖို့ Center ကိုပြောလိုက်ပါမယ်.."

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now