Chapter_48

2.8K 385 89
                                    

"ယောင်းက ဂပ် တစ်ခါမှ မဆောင်းဖူးဘူး!"

စစ်သူကြီးက ကြင်ယာတော်လေးရဲ့ သရဖူလေးမထိသွားအောင် အပေါ်ကနေ ဂပ်ကို ခပ်ဖွဖွလေးတင်ပေးပြီး​တော့မှ မေးသိုင်းကြိုးလေးကို စီးပေးလိုက်သည်။ဂပ်က အနက်ရောင်ကို ထိုးဖောက်မြင်နိုင်အောင် မြင်းမွှေးနှင့် သေချာလုပ်ထားတာဖြစ်တာကြောင့် ကြင်ယာတော်လေးရဲ့ ရွှေသရဖူလေးကို ကောင်းကောင်းမြင်နိုင်သည်။

"တစ်ခုခုလိုနေသလိုပဲ!"

စစ်သူကြီးက သူရဲ့ ဦးထုပ်တောင် သူမဆောင်းနိုင်သေးဘူး။ကြင်ယာတော်လေးနှင့် အတူတူအပြင်ထွက်နိုင်ဖို့အတွက် သခင်လေးကို ပြင်ဆင်ပေးနေတာဖြစ်သည်။ဆံပင်တွေအကုန်လုံးကို သရဖူတစ်ခုတည်းနှင့် ထိန်းထားပြီး ဆောင်းထားသည့်ဦးထုပ်ရဲ့ မျက်နှာပြင်က ပြန့်ကားပြီး ကြီးမားတာကြောင့် ကြင်ယာတော်လေးက နေသားမကျသေးတဲ့ ဦးထုပ်ရဲ့ အလေးချိန်ကို လက်ကလေးနှင့် ပင့်တင်ပြီး ခင်ပွန်းသည်ကြီး သွားရာနောက်ကို လိုက်ကြည့်နေလေသည်။

စစ်သူကြီးက ဗီရို အနောက်ဘက်ဆုံးမှာ သိမ်းထားတဲ့ ဘူးတစ်ဗူးကို ထုတ်ယူလိုက်ပြီး ရတနာကြိုးတစ်ကြိုးကို ဆွဲယူလာခဲ့သည်။ထိုရတနာကြိုးက အဖိုးတန်တဲ့ ကျောက်မျက်ရတနာတွေနဲ့ စီချယ်ထားပြီး အရမ်းအရောင်တောက်တာကြောင်​့ ဒါခင်ပွန်းသည်ကြီးဝတ်နေကြ ပုံစံမဟုတ်ဘူး။စစ်သူကြီးက ကြင်ယာတော်လေး ဘေးနား ပြန်လျှောက်လာပြီး နှဖူးသိုင်းရဲ့ ဟိုဘက်ဒီဘက်မှာ ချိတ်ပေးပြီးတော့မှ လက်ထဲ စုသိမ်းထားတဲ့ ရတနာကြိုးကို လွှတ်ချလိုက်တော့ ရင်ဘတ်နားအထိ ရောက်သည်အထိ ရှည်လျားသည်။

ထိုရတနာကြိုးက အရောင်အသွေးစုံလင်လှပြီး ကြင်ယာတော်လေးပင် တစ်ခုမှ မမြင်ဖူးသော ရတနာတွေနှင့် အလှဆင်ထားတာဖြစ်တာကြောင့် သခင်လေးက ပွတ်သပ်ဆော့ကစားနေတုန်း စစ်သူကြီး​က ခုံပေါ်တင်ထားတဲ့ ဦးထုပ်ကို ဆွဲယူလိုက်ပြီး သရဖူနှင့် မညှိအောင် သတိထားဆောင်းလိုက်သည်။စစ်သူကြီးရဲ့ ဦးထုပ်က ပိုပြီး ပြန့်ကားပြီး ရတနာကြိုးက ကြင်ယာတော်လေးလောက်တော့ အရောင်မစုံဘူး။

GRIEF//Mpreg//Where stories live. Discover now