Chapter_42

3K 439 88
                                    

_____________U.N.I.C.O.DE._____________


"အကိုတော် ဘာတွေရယ်နေတာလဲ"

"ဘာမှ မရယ်ဘူး.."

စစ်သူကြီးက တိုးတိုးလေးရယ်ရင်းနဲ့ကို ကြင်ယာတော်လေးကို ရင်ဘတ်ထဲ တိုးဖက်လိုက်တာကြောင့် ကြင်ယာတော်လေးရဲ့ ပါးနဲ့ ခင်ပွန်းသည်ကြီးရဲ့ အဝတ်ဗလာအပေါ်ပိုင်းနဲ့ ပွတ်တိုက်မိကုန်ပြီ။

"ရယ်နေတာကို"

ကြင်ယာတော်လေးက အကိုတော်က
သူတစ်ခုခုလုပ်ထားလို့ ရယ်နေတယ်ဆိုတာကို ရိပ်မိပေမယ့်
အရက်နာကျပြီး ရီဝေဝေဖြစ်နေသေးသည့် ကြင်ယာတော်လေးက ဘာမှ မစဥ်းစားနိုင်သေးဘူး။

"အကိုတော့်ဝတ်ရုံတွေ ဆွဲချွတ်မိပြန်ပြီလား"

ဒီတစ်ခေါက်က ဝတ်ရုံတင် မဟုတ်ဘဲ၊ဘောင်းဘီကိုပါ ငိုယိုပြီး ဆွဲချွတ်လာတာကြောင့် စစ်သူကြီးက ပြန်တွေးရင်းကို ထပ်ရယ်နေသည်။

"ယောင်း မင်းလေးက မူးနေရင် သိပ်သွေးဆိုးတယ်!ဟာဟား~~ကိုယ်တော်နဲ့ပဲ အတူသောက်နော်ကလေးလေး"

ခင်ပွန်းသည်ကြီးက ခွင့်မပြုဘူးဆိုလျင် အကြောင်းအရင်းရှိမှာပဲဆိုတာ သဘောပေါက်တာကြောင့် ကြင်ယာတော်လေးက ခေါင်းငြိမ့်ပြလိုက်သည်။

"မင်းမူးနေရင် ပြောတဲ့စကားတွေက အမှန်ပဲလား"

"ဘာပြောမိလို့လဲ? ဒီကလေးလေးက မမှတ်မိတော့ဘူး!"

ကြင်ယာတော်လေးက အမူးမပြေသေးတာကြောင့် နွေးနွေးထွေးထွေး ခင်ပွန်းသည်ကြီးကို တိုးဖက်လိုက်ရင်း တဖြည်းဖြည်းချင်း ပြန်စဥ်းစားနေသည်။

"ယောင်းလေးရေ..စိတ်လျှော့!"

နားထဲက အကိုတော်ရဲ့ ချော့တစ်လှည့်၊ခြောက်တစ်လှည့် ဆူပူသံတွေ ပြန်ကြားနေရသလိုပဲ!
ကြင်ယာတော်လေးက သူဘာလုပ်မိလို့ အကိုတော်က တားနေလဲဆိုတာ မမှတ်မိသေးဘူး။

"ဘာမှမမှတ်မိဘူး!"

အရက်မူးနေတယ်ဆိုတာက အတင်းကြီးစဥ်းစားလို့လည်း မရတာကြောင့် ကြင်ယာတော်လေးက ခင်ပွန်းသည်ကြီးရဲ့ ဝင်သက်၊ထွက်သက်ကိုပဲ နားထောင်ပြီး ငြိမ်ငြိမ်လေးနေနေသည်။

GRIEF//Mpreg//Where stories live. Discover now