______________U.N.I.C.O.D.E._________
ကြင်ယာတော်လေး သတိမေ့နေတာ ခြောက်ရက်မြောက်နေ့ရှိပြီဖြစ်သည်။
တော်ဝင်စုံတွဲက
တစ်ယောက်က ဒဏ်ရာအကြီးအကျယ်ရထားပြီး
တစ်ယောက်က အခုမှ သေတွင်းထဲကနေ မနည်းကယ်ထားရတဲ့ အခြေအနေနှင့်။ဒါပေမယ့် ကြင်ယာတော်လေးကလည်း
ေနွးထွေးနေတာကြောင့် ကောင်းကောင်းအိပ်ပျော်နေပြီး
စစ်သူကြီးကလည်း အနာရင်းပြီး ဖျားမလားဆိုပြီး စောင့်ကြည့်နေရသေးပေမယ့်
စစ်သူကြီးရဲ ဒဏ်ရာက မြန်မြန်ပဲ ကျက်လာခဲ့သည်။ဆေးထည့်ပြီးသည့် အနေအထားနှင့်တောင်
စစ်သူကြီးရဲ့ ဒဏ်ရာက သွေးတွေစိမ့်နေသေးတာကြောင့်
ပတ်တီးစကိုလည်း နှစ်ခါလဲပြီးပြီဖြစ်သည်။စစ်သူကြီးအတွက် ဒီလောက်သွေးဆုံးရှုံးတာလေးက မပြောပြလောက်ပေမယ့်
အရင်ရက်က ဖျားထားသော အရှိန်လည်း ရှိသောကြောင့်
သမားတော်ကြီးက စစ်သူကြီးအတွက် သွေးအားဖြည့်ဆေးကို
ပုံမှန်အားဆေးအနေဖြင့် တိုက်လိုက်သည်။စစ်သူကြီးက သွေးတွေအများကြီး ဆုံးရှုံးထားပေမယ့်
သွေးခုန်နှုန်းက အားကောင်းနေတုန်းပဲ ဖြစ်သည်။ကြင်ယာတော်လေးကလည်း သွေးစိမ်း အန်ထားသောကြောင့် ဒီတစ်ညအတွက် စိုးရိမ်ရသည်ဟု ထင်ထားခဲ့ပေမယ့်
ကြင်ယာတော်လေးရဲ့ သွေးခုန်နှုန်းက ထုံးစံအတိုင်း နှေးနေသေးတာကလွဲရင် ပုံမှန်လေး ပြန်ခုန်လာခဲ့သည်။တစ်ယောက်ကို တစ်ယောက်ခပ်တင်းတင်း ဖက်ထားသည့် ကြင်ယာတော်တို့စုံတွဲကို ကြည့်ပြီး သမားတော်ကြီးက မိုးကောင်းကင်က ကြည့်ရှူ့နေတယ်လို့ပဲ သတ်မှတ်လိုက်တော့သည်။
မနက်ပိုင်း စစ်သူကြီးက နိုးလာတာနှင့် သမားတော်ကြီးတွေကို ပြန်အနားယူခိုင်းပြီး
စစ်သူကြီးက ကြင်ယာတော်လေးဘေးနားမှာပဲ နေခဲ့သည်။အေးစက်နေသေးတယ်ဆိုပေမယ့် မနေ့ကလို
ေအးစက်သွားတာမျိုးမဟုတ်ဘဲ
ခပ်ကြာကြာလေးကိုင်ထားတော့မှ နွေးထွေးမှုလေးကို စမ်းမိသောကြောင့်
စစ်သူကြီးက စိတ်အေးသွားရတော့သည်။
YOU ARE READING
GRIEF//Mpreg//
Romanceဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...