Chapter_25

2.9K 405 31
                                    

ဖြေဆေးရှိခဲ့ရင်လည်း ယူတို့ မထင်ထားတာဖြစ်မှာပါ!

___________U.N.I.C.O.D.E.______________


အပြင်းအထန် စစ်ရေးလေ့ကျင့်ပြီးတဲ့နောက်မှာ
စစ်သူကြီးက မောဟိုက်လို့ ခေါင်းတွေလည်း မူးနေခဲ့တာကြောင့်
သမားတော်ကြီးက စစ်သူကြီးကို ဆူတော့သည်။

မျက်ရည်ကြည်တွေ ဝဲလို့၊ ယူကြုံးမရဖြစ်နေတဲ့ စစ်သူကြီးကိုကြည့်ပြီး သမားတော်ကြီးလည်း ထပ်မဆူနိုင်တော့။
တိုက်နေကြ အားဆေးအပြင် စိတ်ငြိမ်ဆေးကိုပါ တိုက်ပြီး အနားယူခိုင်းပေမယ့်
စစ်သူကြီးက ကြင်ယာတော်လေးအတွက် အခန်းထဲကိုပဲ ဝင်သွားခဲ့သည်။

ကြင်ယာတော်လေးအဆောင်ရောက်တော့
ကြင်ယာတော်လေးက အိပ်ပျော်နေဆဲဖြစ်သည်။
အပေါ်ဝတ်ရုံကို ချွတ်ချလိုက်ပြီး အတွင်းဝတ်ရုံအပါးလေးနှင့်ပဲ ကြင်ယာတော်လေးလှဲနေတဲ့ ေစာင်ခြုံအထူလေးထဲ တိုးဝင်လိုက်သည်။

အိပ်မောကျနေသေးပေမယ့် စစ်သူကြီးရောက်လာတော့ ကြင်ယာတော်လေးက စစ်သူကြီးဘေးနားတိုးကပ်လာပြီး
ခါးကို ဖက်ကာ ပြန်အိပ်ပျော်သွားလေရဲ့။

ယောင်းရဲ့ အကြည်ဓာတ်လေးပဲလားမသိ။
မျက်နှာလေးမြင်တာနဲ့ အေးချမ်းသွားစေတာလေးက
ဒေါသမီးနဲ့ လောင်မြိုက်နေသေးတဲ့ စစ်သူကြီးရဲ့ စိတ်နှလုံးကိုလည်း ငြိမ်းချမ်းစေပြီး ရင်ဘတ်ထဲ တိုးဝင်လာတဲ့ ကြင်ယာတော်လေးကို ထွေးပွေ့ရင်း စစ်သူကြီးလည်း အိပ်မောကျသွားခဲ့သည်။

ဒီတစ်​ခေါက် ကြင်ယာတော်လေးနိုးလာတော့ စစ်သူကြီးက အိပ်ပျော်နေတုန်းဖြစ်သည်။
သမားတော်ကြီးက ညနေစာလေးနည်းနည်းစားပြီး ဆေးသောက်ဖို့ပြောပေမယ့် ဆေးသောက်လိုက်တာနှင့် အိပ်ချင်စိတ်ကို ထိန်းမရ ဖြစ်မှာစိုးလို့ ကြင်ယာတော်လေးက ဆေးမသောက်ဘဲနှင့် စစ်သူကြီးဘေးနား တွယ်ကပ်လို့နေသည်။

နိုးလာတိုင်း စစ်သူကြီးက အိပ်မောကျ​နေတာမလို့ ကြင်ယာတော်လေးက စစ်သူကြီးကို ေစာင့်နေရင်း ခါးမှာ ဖတ်ထားတဲ့ လက်ကလေးကို စစ်သူကြီးရဲ့ မျက်နှာဆီ တိုးကြည့်လိုက်သည်။

အမြဲလိုလို မှတ်မိနေတဲ့ လက်ခေ​ျာင်းတွေက
စစ်သူကြီး ပိန်ကျသွားသည်ဆိုတာကို သတိရနေခဲ့သည်။
နဖူးကလည်း ချွေးစေးတွေ ထွက်နေတာမလို့
ကြင်ယာတော်လေးက အပေါ်ဝတ်ရုံလက်ရှည်လေးကို လက်ကလေးနှင့် ဖိကိုင်လိုက်ပြီး စစ်သူကြီးနဲ့ နဖူးကို ဖွဖွလေး ဖိသုတ်ပေးလိုက်သည်။

GRIEF//Mpreg//Where stories live. Discover now