__________Z.A.W.G.Y.I.__________
ယောင်းကို အိပ်ယာအရင်ဝင်နှင့်စေပြီး
စစ်သူကြီးက သူ့လက်အောက်ခံ မြို့ကြီးတွေက တင်ပြသမျှ စာလွှာတွေကို ဖတ်ရှု့နေခဲ့သည်။ယောင်းကတော့ သူသောက်နေကြ အားဆေးသောက်ပြီး တစ်ရေးရနေပြီဖြစ်သည်။
စစ်သူကြီး အိပ်ချိန်ရောက်တော့ သန်းခေါင်ရောက်နေပြီဖြစ်သည်။စာလွှာတွေ ဖတ်ရှု့နေတုန်းကတော့ မီးအိမ်ရဲ့ အနွေးဓာတ်နှင့် အဲ့လောက်အေးနေမှန်း မသိပေမယ့်
မီးငြိမ်းလိုက်တော့မှ တော်တော်လေး အအေးပိုတဲ့ ညတစ်ညဖြစ်သည်။အရင်ညတွေအတိုင်းပဲ ယောင်းက စစ်သူကြီးဘက်အခြမ်းမှာ အိပ်ပျော်နေပြန်သည်။
ယောင်းရဲ့ အကျင့်လေးပဲလားမသိ။
အိပ်ယာအကျယ်ကြီးရှိရက်နှင့်
စစ်သူကြီးဘက်အခြမ်းမှာပဲ အိပ်ပျော်လေ့ရှိသည်။ကြောင်ကလေးက အပြင်ဘက်အခြမ်းမှာ အိပ်ပျော်နေတာကြောင့်
အတွင်းဘက်အခြမ်း ဝင်ရဖို့အရေး
ကြင်ယာတော်လေးကို ခွကျော်ရစမြဲဖြစ်သည်။သတိထားပြီး ဟိုဘက်အခြမ်းရောက်ဖို့ ကြိုးစားပေမယ့်
တစ်ခါတစ်လေကြတော့လည်း ကြင်ယာတော်လေးက နိုးသွားတတ်သည်။
နိုးသွားသည့်အချိန်တိုင်း အိပ်ယာဝင်ဖို့ကြိုးစားနေသည့် စစ်သူကြီးဖြစ်မှန်းသိသွားသည်နှင့် သူ့ဘက်အခြမ်းလေးကို တိုးပေးလေ့ရှိသည်။ဒီနေ့လည်း အိပ်ခါနီး စစ်ဆင်ရေးဆင်းရဦးမည်ဖြစ်သည်။
ရည်ရွယ်ချက်ကတော့ အိပ်ယာဝင်နိုင်ဖို့ရယ်၊
အိပ်မောကျနေသော ကြင်ယာတော်လေး မနိုးသွားဖို့ရယ်။ကြိုးစားနေရင်းနဲ့မှကို ကြင်ယာတော်လေးက နိုးသွားပြန်သည်။
စစ်သူကြီးက ယောင်းကို ကျော်ခွလို့ အိပ်ယာဝင်ဖို့ပြင်နေသည်မို့
ကြင်ယာတော်လေးအပေါ်မှာ အုပ်မိုးလျက်နှင့်။"စစ်သူကြီး??"
"နိုးသွားတာလား.."
စစ်သူကြီးမှန်းသိသွားသည်နှင့် ကြင်ယာတော်လေးက သူ့ဘက်အခြမ်းကို လိမ့်သွားပြီး စစ်သူကြီး အိပ်ယာဝင်နိုင်ဖို့ ဂွမ်းစောင်ထူထူလေးကို အသာလစ်ဟပေးရင်း..
YOU ARE READING
GRIEF//Mpreg//
Romanceဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...