Chapter_4

5.7K 808 44
                                    

______________ZAWGYI____________

မက်မွန်သီးရာသီမဟုတ်သေးသောကြောင့်
မက်မွန်သီးကို တွေ့ရဖို့က မဖြစ်နိုင်၊
သို့သော်
"မက်မွန်သီးစားချင်တယ်"ဟု ပြောသော ကြင်ယာတော်ကြောင့် လက်ကလေးကို ဆွဲ၍ မက်မွန်တောထဲ မက်မွန်သီးအရှာထွက်လာသော စစ်သူကြီးနှင့် ကြင်ယာတော်၊

တစ်တောလုံး ပန်းတွေနှင့်သာ ဖွေးနေပါသော်လည်း
မက်မွန်သီးဆိုလို့ အရည်တည်ခါစလေးပင် မတွေ့ရသေး။
မက်မွန်သီးအရှာထွက်ဖို့ရန်အတွက် သိပ်တော့ စောနေသေးသည်ဖြစ်သည်၊
သို့သော် အခုချိန်မှာ စစ်သူကြီးအဖြစ်ချင်ဆုံးဆန္ဒက မက်မွန်သီးလေးကို ဓားနှင့်စိတ်၍ ကြင်ယာတော်ရှေ့မှောက် အရောက် ခွံ့ကျွေးချင်စိတ်လေးဖြစ်သည်၊

တစ်ပင်မဟုတ်၊တစ်ပင်တော့ရှိမှာပဲဟူ၍ ရှာပေးချင်စိတ်ကလေးက
တစ်တောလုံးရှိ မက်မွန်ပင်တွေရဲ့အောက်ရောက်တိုင်း မော့မော့ကြည့်မိသည်အထိ၊
စစ်သူကြီးက သူ မက်မွန်သီးအရှာထွက်နေတုန်း ဘေးနားက ကြင်ယာတော်လေး ချော်မလဲသွားစေရန် ပုခုံးကို ဖက်၍ ရင်ဘတ်ထဲ ထိုးသွတ်ထားသည်၊

တစ်တောလုံးရှိ သစ်ပင်တွေသာ ကုန်သွားသည်၊
မက်မွန်သီးဟူ၍ အရိပ်အယောင်လေးပင် မတွေ့ရတော့

"မက်မွန်သီး မတွေ့ဘူး ယောင်းလေး" ဟူသော စကားကို ကြင်ယာတော်ကို ပြောဖို့ရန်အတွက် ဝန်လေးနေမိသည်။
တစ်တောလုံး ခြေတိုအောင် လျှောက်ပြီးပြီဖို့
မောနေလောက်သော ကြင်ယာတော်ကို သစ်မြစ်လေးပေါ်ထိုင်စေ၍
ဝါးဆစ်ဗူးလေးထဲက ရေကို ငဲ့ကာတိုက်ပြီး
စစ်သူကြီးကိုယ်တိုင်ကတော့ နောက်ဆုံးမက်မွန်ပင်ရဲ့ အောက်မှာ ခြေပစ်လက်ပစ်လှဲလိုက်မိသည်အထိ။

စစ်ရေးတစ်ကြောင်းစာတောင်မရှိသော မက်မွန်တောရဲ့ အကျယ်က စစ်သူကြီးကို
ချွေးတောင် မစို့စေသော်ပါငြား
လူက ပင်ပန်းရသည်ထက် ရင်မှာမောနေရသည်။

ဖြစ်နိုင်ရင် ကြင်ယာတော် လိုချင်တာမှန်သမျှကို အကုန်လိုက်လုပ်ပေးချင်မိသည်မှာ
စစ်သူကြီး၏ ဆန္ဒ။
ပြီးတော့ စစ်သူကြီး၏ သစ္စာလည်း ဖြစ်ပြန်တယ်၊
ထိုသစ္စာကို မြေကို ပုတ်၍ ကောင်းကင်ကို တိုင်တည်၍ ဆိုခဲ့သည်မှာ
ယောင်းကလေးကို သူ့အဖေဆီက တောင်းယူခဲ့ပြီးကတည်းက ဖြစ်သည်၊

GRIEF//Mpreg//Where stories live. Discover now