Chapter_59

2K 365 53
                                    

______________U.N.I.C.O.D.E._________

ယော့ဆူမြို့ ရင်ပြင်ရဲ့ စစ်ရေးဘင်ခရာအဖွဲ့ကနေ စစ်ရေးချီမည့် ခရာသံကို စွဲပြီး အကြာကြီး တီးမှုတ်လိုက်သည်။အရာအားလုံးက တိတ်ဆိတ်သွားပြီး စစ်ရေးခရာသံ တစ်သံတည်းကသာ ရှင်းလင်းပြီး အကြာကြီး မြည်နေခဲ့သည်။

ဒါက ပထမ ခရာသံဖြစ်ပြီး ခဏလေးအတွင်းမှာပဲ စစ်သေနာပတိ ရှောင်းဟန်ရှင်းက အဆင်သင့်ပြင်လို့ စီးတော်မြင်းနှင့် အင်ပါယာရဲ့ စစ်သည်တွေကို ဦးဆောင်ရင်း အို့ဒုံပြည်ကို ချီတက်ရတော့မည်ဖြစ်သည်။

ပထမခရာသံ အဆုံးမှာ စစ်သည်အကုန်လုံးက အသင့်အနေအထားဖြင့် မတ်မတ်ရပ်လိုက်ကြပြီး အမိန့်ကို စောင့်ဆိုင်းလျက်ရှိသည်။အသံက သိပ်ကိုမှ ကြည်လင်ပြတ်သားလှပြီး ကြင်ယာ​တော်လေးကို တုန်လှုပ်စေသည်။

"ဂယောအူးလ်လေး"

စစ်သူကြီးက ခြေဖျားလေးထောက်လို့ ရင်ဘတ်ထဲ တိုးဝင်နေတဲ့ ကြင်ယာတော်လေးကို ဆွဲခွာလိုက်ပြီး ကြီးမားနွေးထွေးတဲ့ လက်ဖဝါးကြီးတွေနှင့် ကြင်ယာတော်လေးရဲ့ မျက်ရည်စီးကြောင်းကို သုတ်ပေးလိုက်သည်။

"ဒီဘုရင်က ဘာပြောထားလဲ"

"ပထမ!..အင့်...ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်လာခဲ့မယ်..ဒုတိယ!..ဘယ်လောက်ပဲ ကြာကြာ ရအောင် ပြန်လာခဲ့မယ်..တတိယ!.ယောင်းကို စိတ်မချလို့ ပြန်လာခဲ့မယ်"

ချူချူလေး ရှိနေတာကြောင့် အရမ်းကိုမှ ခံစားချက်တွေ ထိန်းချုပ်ရခက်နေသည့် ကြင်ယာတော်လေးအတွက် ခင်ပွန်းသည်ကြီးက ကတိပေးထားခဲ့ပြီး စိတ်မထိခိုက်ရအောင်အတွက် ပေးသည့်ကတိပဲ ဖြစ်ပါစေဦး၊ ကြင်ယာ​တော်လေးက စစ်သူကြီးကို ယုံကြည်ခဲ့သည်။ဘယ်လောက်ပဲ ယုံကြည်နေပါစေ၊ ခင်ပွန်းသည်ကြီးကို ချပ်ဝတ်တန်ဆာအပြည့်နှင့် ခါးမှာ လွယ်ထားသော ဓားရှည်ကို ကြည့်ပြီး စိတ်လေးလာသည့် ကြင်ယာ​တော်လေးက စိတ်မချနိုင်တော့ဘူး။

"မငိုနဲ့တော့ အချစ်ရယ်"

စစ်သူကြီးအတွက် ရင်ဘတ်ထဲမှာ မျက်ရည်တွေကို အတင်းထိန်းချုပ်နေရတဲ့ ကြင်ယာ​တော်လေးကို ကြည့်ရတာ သိပ်ကိုမှ သနားဖို့​ကောင်းလွန်းလှသည်။အပေါ်ဝတ်ရုံအပါးလေးတစ်ထည်တည်းသာ ဝတ်လာသည့် ကြင်ယာ​တော်လေးကြောင့် စစ်သူကြီးက လက်မောင်းသားလေးတွေ နွေးသွားအောင် လက်ဖဝါးနှင့် ဖိပြီး ပွတ်ဆွဲချသည်။

GRIEF//Mpreg//Where stories live. Discover now