Chapter_67

4.3K 410 50
                                    

ဟန်အိမ်တော်ကနေ ပြန်ထွက်လာတဲ့ ကြင်ယာတော်လေးရဲ့ ခြေလှမ်းတို့က လေးလံလို့်နေသည်။အမျိုးသား ကိုယ်ဝန်သည်မလို့ နောက်ကျတာပါဆိုပြီး ဖြေသိမ့်ကြပေမယ့် မင်ဂျွန်းလေး အလှည့်တုန်းကတော့ စောလွန်းလို့ ငါးလခွဲလောက်ထဲနှင့် ဗိုက်ထဲ ကောင်းကောင်းလှုပ်နေပြီလို့ သတင်းကြားရတော့ ကြင်ယာတော်လေးက ချူချူလေးအတွက် အရမ်းကိုမှ စိုးရိမ်လာခဲ့သည်။

ဝေါယာဥ်ပေါ်ကို တက်ဖို့တောင် တွဲကူပေးရသည်အထိ အရမ်းကိုမှ စိတ်ထိခိုက်သွားရှာတဲ့ ကြင်ယာတော်လေးက သူ့ကလေးလေးနှင့် ပက်သက်လျှင် အရမ်းကိုမှ ခံနိုင်ရည်အား နည်းရှာသည်။ခင်ပွန်းသည်ကြီးက အိမ်တော်မှာ ကျန်နေရစ်ခဲ့မည့် ကလေးလေးက အဆင်ပြေမှာပါဆိုပြီး ယုံကြည်ပေးပေမယ့် ချူချူလေးနှင့် ပက်သက်လာလျှင် ဘာလုပ်လို့၊ ဘာကိုင်ရတော့မည်မှန်း မသိတော့သည့် ကြင်ယာတော်လေးက အခုအချိန်မှာတော့ ခင်ပွန်းသည်ကြီးကို ဘေးနား ရှိနေစေချင်ခဲ့သည်။

ကြင်ယာ​တော်လေး နေရခက်မည်စိုးသောကြောင့် ဘုံက ေဝါယာဥ်ကို လှိမ့်သည်ဆိုရုံလေး လှိမ့်ကာ မောင်းနှင်ပေးနေပြီး ဝေါယာဥ်ရဲ့ ပတ်ချာလည်မှာ သက်တော်စောင့်တွေ ပါလာခဲ့သည်။အပြင်မှာ ရာသီဥတုက အေးနေပြီး ကြင်ယာတော်လေးရဲ့ ဝေါယာဥ်ထဲမှာ စောင်အပါးလေးပါ ထည့်ပေးထားတာကြောင့် ကြင်ယာတော်လေးက စောင်အပါးလေးကို ဖြန့်လို့ ချူချူလေး အိပ်နေရာ ဝမ်းဗိုက်ဖြူလေးပေါ် လွှားပေးလိုက်သည်။

"ဘာမှ မဖြစ်ရဘူး..ဒီအဖေက ဘာမှ ဖြစ်ခွင့်မပေးနိုင်ဘူး"

ကြင်ယာတော်လေးက သိပ်ကိုမှ ပင်ပန်းနေပြီဖြစ်သည်။ချူချူလေးနေထိုင်ရာ ကြင်ယာတော်လေးရဲ့ ခန္ဓာကိုယ်က အဆိ်ပ်တွေနှင့် ပြည့်နှက်နေခဲ့ပြီး ရောက်လာလာချင်း နှစ်လလောက်ကြာသည်အထိလည်း ချူချူလေး ရောက်နေပြီဆိုတာကို သတိမထားမိခဲ့ကြဘူး။ခင်ပွန်းသည်ကြီးကို စိတ်ပူရတာက များနေပြီး အနေ၊အစား မမှန်သည့် ဒီအဖေဆီ ရောက်လာခဲ့သည့် ချူချူလေးက ကျန်းမာရေးရော ကောင်းပါ့ဦးမလား။

ကြင်ယာ​တော်လေးအတွက်လည်း သားဦးလေးဖြစ်တာကြောင့် ဘာလုပ်လို့ လုပ်ရမည်မှန်းလည်း မသိဘဲ တစ်ယောက်တည်း ကြောက်နေသည့် ကြင်ယာတော်လေးက သူ့တစ်ကိုယ်လုံး လုံခြုံသွားအောင် ကွေးကွေးလေး ထိုင်လိုက်သည်။ချူချူ့ကို အရမ်းဖိထားသလို ဖြစ်သွားမည်စိုးသောကြောင့် ဒူးခေါင်းကို ပိုက်ထားသည့် လက်နှစ်ဖက်လုံးကို ဖြေချလိုက်ပြီး လက်ဖဝါးတွေကြား မျက်နှာနှစ်လိုက်ရင်း အွန်ယောင်းက တိုးတိုးလေး ငိုကြွေးလိုက်သည်။

GRIEF//Mpreg//Where stories live. Discover now