Not Chapter_71/EXTRA

3.1K 216 35
                                    

__________U. N. I. C. O. D. E___________


စစ်သူကြီးကို အရမ်းလွမ်းနေကြပြီဆိုလို့ပါ.
စစ်သူကြီးပါတဲ့ အပိုင်းတိုလေးပါ.
အခုရေးနေတဲ့ အကြောင်းရဲ့အလွန်ပေါ့!
ဘယ်လိုပြောရမလဲ!မှတ်ရခက်နေရင် Parallel universe လို့ပဲ မှတ်လိုက်တော့နော်!ဒါက ကြယ် Extra ပိုင်းမှာရေးထားတာလေးပါ။



ဒီနှစ်ပိုင်းတွေအတွင်းမှာ အနောက်ဘက်မြို့တော်ရဲ့ ရွာငယ်လေးတွေနားမှာ ဆေးသမားတော်လေး တစ်ယောက်ပေါ်ပေါ်လာခဲ့သည်။ဆေးသမားတော်လေးဆိုပေမယ့် အသက်က ငယ်ငယ်လေးတော့ မဟုတ်တော့ဘူး။

အသက်က သုံးဆယ်ကျော်ပြီလို့ ဆေးသမားတော်လေးက ပြောပေမယ့် ဘယ်သူမှမယုံကြဘူး။အရယ်အပြုံး မရှားလှပေမယ့် ပြုံးရိပ်သန်းနေတဲ့ မျက်လုံးချိုချိုလေးတွေနှင့် ဆေးသမားတော်လေးက ဘယ်သူပြောပြော အသက်နှစ်ဆယ်ကျော်ရုံပဲလို့ ပြောရင်တောင် ယုံနေမိဦးမှာ။

ဒါပေမယ့် ဆေးသမားတော်လေးက တစ်နေရာတည်းမှာ အတည်တကျ ဆေးကုသဆောင်ဖွင့်ပြီး နေနေတာမျိုးလည်း မဟုတ်ဘူး။တစ်ရွာပြီး၊တစ်ရွာ ခြေလျင်လျောက်ချင်လျောက် မလျှောက်လျင် အတူတူပါလာတဲ့ မြင်းကြီးကို စီးပြီး ထွက်သွားတာပဲ။

သမားတော်လေးက ငယ်ရွယ်သေးတာမလို့် တော်ကြီးမျက်မည်းတည်း တစ်ယောက်တည်း အဖော်မရှိ၊ကြောက်နေမှာမျိုးတော့ စိုးရိမ်နေစရာမလိုဘူး။သမားတော်​လေးရဲ့ အနောက်မှာ အမြဲလိုက်ပေးနေကြ လူတစ်ယောက်ရှိသည်။

ထိုသူက ဆေးသမားတော်လေးနှင့်မှ မဟုတ်ရင် ဘယ်သူ့ကိုမှ အရယ်အပြုံးမရှိဘူး။ဝါးပင်လို ရှည်လျားတဲ့ အရပ်နဲ့ ပညာရှိတစ်ယောက်လို တည်ကြည်ခန့်ညားတဲ့ ဆေးသမားတော်လေးကို သူ ဆေးကုသပေးတဲ့ ရွာတွေက ရွာသူ၊ရွာသားတွေက ချစ်စနိုးဖြင့် ဝါးမင်းသားလေး ဟု တင်စားခေါ်ဝေါ်ကြသည်။

ဘေးနားမှာ လိုက်လာတဲ့ အရပ်ရှည်ရှည်၊ကိ်လုံး ကိုယ်ပေါက်ကြီးကြီးနှင့်အမျိုးသားကိုတော့ ဝါးမင်းသားလေးကို အစေခံဖို့ လိုက်လာတဲ့ မြင်းစီးသူရဲကောင်းကြီးဟုဆိုကြပြန်သည်။ခရီးသည်က နှစ်ယောက်ဖြစ်ပေမယ့် မြင်းက တစ်စီးတည်းပါသည့်တိုင် ထိုအမျိုးသားက သမားတော်လေးကို ငဲ့ညှာသော်အားဖြင့် သမားတော်လေးကိုသာ ​မြင်းပေါ်လိုက်ပါစေပြီး မြင်းစီးသူရဲကောင်းကြီးကတော့ မြင်းလေးတစ်စီးတောင် အပိုင်မရှိရှာဘဲ ဆေးသမားတော်လေးစီးလာသည့် မြင်းလေးကိုသာ ဇက်ကြိုးလေးကို ထိန်းပေးရင်း ဘေးနားကနေ ဖြည်းဖြည်းလေးလိုက်ခဲ့သည်။

GRIEF//Mpreg//Where stories live. Discover now