Chapter_57

2.1K 378 70
                                    

___________<U.N.I.C.O.D.E._____________



ကြင်ယာတော်လေးရဲ့ မင်္ဂလာသတင်းက ဂင်အိမ်တော်အထိလည်း ရောက်ရှိသွားပြီး အမတ်ချုပ်ကြီးအပါအဝင်၊အကိုကြီးဂျီဟယ်ဆီကလည်း ဂုဏ်ပြုစာလွှာတွေ ရောက်ရှိလာခဲ့သည်။ဂုဏ်ပြုလက်ဆောင်တွေကို ဂင်သခင်မကြီးက ပြင်ဆင်ပေးခဲ့ရသည်။
မရီးဖြစ်သူ မီရေးရဲ့ မျက်လုံးအာရုံက လုံးဝကွယ်ပျောက်သွားပြီဖြစ်ပြီး သား၊သမီးတွေနှင့် မတွေ့ရတော့သော သူမရဲ့ စိတ်အခြေအနေက လုံးဝ အဆင်မပြေတော့ဘူး။

စိတ်ရူးထ၊ထဖောက်လာတတ်သောကြောင့် ခင်ပွန်းသည်က ထိန်းထားပေမယ့် သားသမီးတွေကိုပဲ တမ်းတနေတဲ့ အမျိုးသမီးဖြစ်သူကို ရုံးတော်က အမိန့်အတိုင်း သံခြေကျင်းဝတ်နှင့် တစ်နှစ်နီးပါးနေထိုင်ဖို့ အမိန့်ချထားတာကြောင့် အမေဖြစ်သူကို ဒီလိုပုံစံမျိုးနှင့် တွေ့လိုက်ရပါက ကလေးတွေစိတ်ထဲ အမာရွတ်ထင်ကုန်မည်ကြောက်သောကြောင့် ပေးမတွေ့ခိုင်းဘူး။

ရှောင်းအိမ်တော်ကို ေရာက်လာသော လက်ဆောင်ပစ္စည်းတွေကို စစ်သူကြီးက ငြင်းပယ်ချင်ခဲ့ပေမယ့် ကြင်ယာ​တော်လေးကိုယ်တိုင်က မစားရတာကြာပြီဖြစ်သော မုန့်တွေပါလာတာကို သဘောကျနေသောကြောင့် စစ်သူကြီူက အကြိမ်ကြိမ်၊အခါခါ စစ်ဆေးပြီးတော့မှ လက်ခံခဲ့သည်။

စစ်သူကြီးက မနက်ဖြန်လိုမျိုး ရှေ့တန်းထွက်တော့မှာကို အိမ်တော်မှာ ကျန်ခဲ့သည့် ကြင်ယာ​တော်လေးက နေမကောင်းဖြစ်တာနှင့် ပြန်လာနိုင်မည့် အကွာအဝေးမျိုးလည်း မဟုတ်တာကြောင့် စစ်သူကြီးက ကြင်ယာတော်လေးဘေးနားက အစေခံတွေကို သေချာရွေးချယ်ပြီး ကိုယ်ရံတော်ကိုလည်း ထပ်မြှင့်တင်ခဲ့သည်။

ခင်ပွန်းသည်ကြီးကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကြင်ယာ​တော်လေးက ​ကျန်းမာရေးလည်း အများကြီး ကောင်းလာခဲ့ပြီး ကလေးလေးကလည်း နှစ်လနီးပါးဖြစ်လာတာကြောင့် စမ်းကြည့်ရင် ခပ်မာမာလေးတည်နေပြီဆိုတာကို စမ်းလို့ ရနေပြီဖြစ်သည်။

ထိုကလေးလေးက စစ်သူကြီးရဲ့ လက်ဖဝါးအောက်မှာတင် ပျောက်သွားနိုင်သည့် ကလေးသေးသေးလေးပင်ဖြစ်သည်။ကြင်ယာတော်လေးရဲ့ ဝတ်ရုံက ထူထဲပြီး အလွှာလွှာဝတ်ဆင်ရတာကြောင့် ထိုဝတ်ရုံတွေအောက်မှာ ဖုံးနေသည့် ဝမ်းဗိုက်သားလေးကို ဘယ်သူမှ မမြင်နိုင်ခဲ့ဘူး။

GRIEF//Mpreg//Where stories live. Discover now