Chapter_15

3.4K 455 21
                                    

_____________Z.A.W.G.Y.I.____________



နောက်တစ်နေ့ကြတော့ စစ်သူကြီးက
ကြင်ယာတော်လေးသောက်နိုင်ရန်အတွက်
သိပ်မပြင်းတဲ့ သေရည်တစ်မျိုးကို ပြင်ဆင်ထားစေခဲ့တယ်။

မက်မွန်သီးမှ ဖောက်လုပ်ထားသော သေရည်အပျော့စားတစ်မျိုးဖြစ်ပြီး
အများကြီးသောက်လည်း မနက်ကြ ခေါင်းမကိုက်ရအောင် စစ်သူကြီးက အချိန်အကြာကြီး နှပ်ထားတဲ့ သေရည်ကို သေချာရွေးယူစေခဲ့သည်။

ရှောင်းအိမ်တော်ရဲ့ အနောက်ဘက် မီးဖိုချောင်နောက်နားတွင်
မြှပ်ထားသော အိုးကြီးတွေထဲတွင် သေချာနှပ်ထားသော သေရည်များရှိသော်လည်း
အရက်တစ်ခါမှ မသောက်ဖူးသော ကြင်ယာတော်လေး အဝင်ဆိုးမည်အတွက် အရက်အပျော့စားလေးကိုပဲ ရွေးချယ်ပေးခဲ့တာဖြစ်သည်။

စစ်သူကြီးလည်း အနားယူနေချိန် သေရည်အပျော့စားလေးကိုသာ
စာကြည့်ခန်းထဲ သောက်လေ့ရှိပေမယ့်
ကြင်ယာတော်လေးနှင့်အတူတူ ပထမဦးဆုံး သေရည်တူတူသောက်ဖြစ်မည်ဖို့ အနောက်ဘက်အဆောင်ထဲက ကြာပန်းကန်ထဲမှာ သေရည်ပွဲကို ပြင်ဆင်စေခဲ့သည်။

တိုက်ပွဲဝင်စရာမလိုသေးသည်မို့ အလုပ်ရှုပ်မနေပါသော်လည်း
လက်ထပ်ပြီးကတည်းက ကြင်ယာတော်လေးနှင့် စကားအတူတူမပြောဖြစ်တာကြာပြီမလို့
လွတ်လွတ်လပ်လပ်စကားပြောနိုင်အောင်
အေးဆေးတဲ့ ကြာပန်းအဆောင်ထဲမှာ ပြင်ဆင်ထားစေခဲ့သည်။

လူကြီးမင်းတို့ အတူတူနေရာ အရှေ့ဘက်အဆောင်ကနေလွဲလို့ တော်ရုံ အိမ်တော်ရဲ့ အပြင်ဘက်တောင် မရောက်ဖူးသေးသော ကြင်ယာတော်လေးကို ေအးဆေးအနားယူနိုင်စေရန် အေနာက္ဘက္အေဆာင္အထိ သီးသန့်ခေါ်ယူခဲ့တာဖြစ်သည်။

ကြာပန်းကန်မှာ ကြာဖြူလေးတွေပွင့်နေပြီး
အစာမှန်မှန်ကျွေးတာမလို့ ဝတုတ်နေသာ ငါးကလေးတွေလည်း ရောင်စုံရှိသေးသည်။

ကြင်ယာတော်ရဲ့ လက်ကလေးကို ထိန်းကိုင်ပေးပြီး အတူတူ စကားပြောရင်း ကြာပန်းကန်ဆောင်ဆီ လျှောက်လာခဲ့သည်။

ကြာပန်းကန်ထဲမှာ တစ်သီးတည်းတည်ရှိနေသော အဆောင်ငယ်လေးသည် သာမန်အနားယူရုံသက်သက်သာဖြစ်ပြီး စစ်သူကြီးလည်း တော်ရုံလာခဲလှသည်။
အကာအရံမရှိဘဲ လေတဖြူးဖြူးတိုက်နေသော အဆောင်ငယ်လေးထဲတွင် ကြင်ယာတော်လေးနှင့် မျက်နှာချင်းဆိုင် ထိုင်ချဘျုက်သည်။

GRIEF//Mpreg//Where stories live. Discover now