Me before: မီးဖိုချောင် ဝင်တဲ့ ယောက်ျားလေးတွေက အရမ်းဆွဲဆောင်မှုရှိတယ်!
သခင်ကြီးနှင့် တွေ့သောအခါ: ဟဲ့!!
___________U.N.I.C.O.D.E._____________
ကြင်ယာတော်လေး နေမကောင်းဖြစ်ပြီးကတည်းက စစ်သူကြီးအနေနှင့်
အိမ်မက်မက်တိုင်း
"ကြင်ယာတော်လေးက ထားခဲ့ပါတယ်" ဆိုတာနဲ့ပဲ အဆုံးသတ်လေ့ရှိပြီး
အိမ်မက်မှန်း သိနေရဲ့သားနှင့်၊နိုးထဖို့မှ မကြိုးစားရင်
စစ်သူကြီးသည် ကြာရင် အိပ်ဆေးသောက်ပြီးအိပ်မှရမည့် ရောဂါတို့်ဖြစ်လာမည်ထင်သည်။ဒီရက်ပိုင်းတွေအတွင်း ခဏလေးမှေးစက်လိုက်တိုင်း
လက်လွှတ်လိုက်ရသည့် ကြင်ယာတော်လေးက နိုးမထလာသေးဘူးဆိုတာကို မြင်ရတိုင်း စစ်သူကြီးရဲ့ နှလုံးသားက နာကျင်လို့လာသည်။တစ်ရေးနိုးကြီး နိုးထလာသည့် စစ်သူကြီးက ဘေးနားမှာ အိပ်ပျော်နေသည့် ကြင်ယာတော်လေးကို တွေ့မှ တဖြည်းဖြည်း လက်ရှိအခြေအနေကို ရောက်ရှိလာပြီး
ငြိမ်သက်စွာ အိပ်စက်နေဆဲ ဖြစ်သေးသည့် ကြင်ယာတော်လေးကို ဖွဖွလေး နမ်းရှုံ့လိုက်သည်။တစ်လောကလုံးက လူတွေအကုန်လုံး စစ်သူကြီးကို ပစ်ထားမည်ဆိုလျင်တောင်
ကြင်ယာတော်လေး ထားခဲ့တဲ့ ဆယ်ရက်တာနှင့် ယှဥ်လျင် အသိသာကြီး ကွာခြားလျက်ရှိသည်။ဘေးနားမှာ ငြိမ်ငြိမ်သက်သက်လေး အိပ်နေတဲ့ ကြင်ယာတော်လေးကို သေချာမြင်ရအောင် စစ်သူကြီးက ကုတင်ဘေးနားကချထားတဲ့ လိုက်ကာစလေးကို အသာလေး ဆွဲဟလိုက်သည်။
မျက်လုံးလေး၊နှာခေါင်းလေး၊ပါးပြင်လေး။
လက်ချောင်းလေးတွေနှင့် တဖွဖွထိတွေ့ကြည့်မိရင်း စစ်သူကြီးက ကြင်ယာတော်လေးကို ငေးကြည့်လို့နေသည်။စစ်သူကြီးကငေးကြည့်နေတဲ့ မျက်နှာလေးက မျက်တောင်လေးတွေ ပုတ်ခတ်၊ပုတ်ခတ်လုပ်လာပြီး စစ်သူကြီးက နိုးနေပြီဆိုတာကို တွေ့လိုက်ရတော့ ကြင်ယာတော်လေးက ပြုံးပြလာသည်။
"အိပ်လို့မရဘူးလား ယောက်ျား.."
"အင်း.."
ကြင်ယာတော်လေးက ပက်လက်လေးအိပ်နေရာကနေ စစ်သူကြီးက ဒဏ်ရာရထားတဲ့လက်ကို ကြင်ယာတော်လေးအတွက် ခေါင်းအုံးလုပ်ပြီး အိပ်ခိုင်းထားတာကိုတွေ့တော့ ဘေးနားမှာရှိနေတဲ့ ခေါင်းအုံးကို ယူအုံးလိုက်ပြီး ထုံကျင်နေလောက်ပြီဖြစ်တဲ့
ခင်ပွန်းသည်ကြီးရဲ့လက်ကို ဆွဲယူပြီး နှိပ်ပေးလိုက်သည်။
YOU ARE READING
GRIEF//Mpreg//
Romanceဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...