Chapter_15

3.2K 485 15
                                    

__________Z.A.W.G.Y.I.________




စစ်သူကြီးက သမားတော်ကြီး အိမ်က ပြန်လာပြီးကတည်းက ကြင်ယာတော် သောက်နေကြဆေးတွေကို ဖြတ်ချလိုက်သည်။

ဆေး အကူအညီမပါဘဲ တစ်ခါမှ ကောင်းကောင်းအိပ်မပျော်ဖူးသည့် ကြင်ယာတော်က အိပ်ယာဝင်နေဖို့တောင် ကြောက်ရွံ့နေခဲ့သည်။
စစ်သူကြီး မအိပ်မချင်း ဘေးနားမှာပဲ တွယ်ကပ်နေဖို့ လုပ်ခဲ့ပေမယ့်
စစ်သူကြီးက သူဖတ်နေကြ စာလွှာတွေကို ထားခဲ့ပြီး ကြင်ယာတော်လေးနှင့် တူတူအိပ်ယာဝင်ပေးခဲ့သည်။

"ဆေးမပါဘဲ ကောင်းကောင်း အိပ်ပျော်ပါ့မလားမသိဘူး..."

"အကိုတော်က ဘေးနားမှာရှိနေမှာမလို့ ဘာမှ မကြောက်ဘဲ အိပ်လို့ရတယ်..."

"ယောင်း အိပ်ပျော်သွားတာနဲ့ ထားခဲ့မှာလား.."

"ယောင်းနဲ့ အတူတူအိပ်ပေးမှာ.."

ကြင်ယာတော်လေးက မျက်လုံးလေးမှိတ်ပြီး အိပ်ဖို့ပြင်နေပေမယ့်
နားထဲမှာ ကြားနေရတဲ့ အသံတွေကို အာရုံမစိုက်ဘဲ မနေနိုင်ဘူး။

သစ်ရွက်လှုပ်သံသေးသေးလေးကတောင် အကျယ်ကြီးဖြစ်ကာ စိတ်အေး လက်အေးနေလို့ မရဖြစ်နေသည်။
စစ်သူကြီးက သူ့ရင်ဘတ်ထဲတိုးဝင်နေတဲ့ ကြင်ယာတော်လေးက ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ သိနေခဲ့တယ်။

ယောင်း တစ်ရေးနိုးလာရင် ပြန်သိပ်နေကြအတိုင်း
ဆံပင်လေးတွေ၊ပါးလေးတွေကို တဖွဖွပွတ်ပေးနေခဲ့တာတောင် ကြင်ယာတော်က အိပ်ချင်ဟန်မတူသေးဘူး။

"ယောင်းလေး.."

"အွန်း~~~"

"ဒီအတိုင်းလည်း အိပ်မပျော်မယ့်အတူတူ ကိုယ်တော်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးမှ အိပ်မလား.."

အရှင် ညစ်ညစ်ပတ်ပတ်တွေပြောပြန်ပြီဆိုတာ သိသွားသော ယောင်းကလေးဟာ အတင်း မရရအောင် ကြိုးစားအိပ်ဖို့ ပြင်သည်။

"အိပ်တော့မှာ..အိပ်တော့မှာ.."

ကြင်ယာတော်လေးက စစ်သူကြီး သူ့ကို အိပ်ယာပေါ်မှာ ဘယ်လောက်ညှာတာပေးလဲဆိုတာ သိပေမယ့် နောက်တစ်ကြိမ် နာကျင်မှုကို ပြန်ကြုံဖို့တော့ ကြောက်နေခဲ့သေးသည်။

GRIEF//Mpreg//Where stories live. Discover now