Chapter_73

817 114 5
                                    

စစ်သူကြီး ထင်မှတ်ထားသည့်အတိုင်းပင်
စစ်သူကြီးဆီသို့ ပြန်စာအနေဖြင့်ရောက်လာသော ဆံထိုးကလေးသည် ကြင်ယာတော်လေး ထည့်ပေးလိုက်ခြင်း မဟုတ်ပါ။

ရှောင်အိမ်တော်နှင့်လည်း အဆက်အသွယ်မရဘဲ အိမိအပြန်လမ်းခရီးမှာတင် ပျောက်ဆုံးနေသော ကြင်ယာတော်လေးအနေဖြင့် ခင်ပွန်းသည်ကြီးဆီက ပြန်စာရောက်နေမှန်းတောင် သိခွင့်မရခဲ့။

အမတ်ကြီး ဂင်ဘိုမွန်းကသာ စစ်သူကြီးက သူ့ခင်ပွန်းသည် သူ့ဆီ ပြန်စာမလာရင် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသွားမည် စိုးသောကြောင့် ကြင်ယာတော်လေးအနား အခစားဝင်နေသူတွေထဲက တစ်ယောက်ကို အယုံသွင်းပြီး ဆံထိုးကို ခိုးယူစေခိုင်းခဲ့တာဖြစ်သည်။

စစ်သူကြီး စစ်အချီ ကြင်ယာတော်လေး ကိုယ်ဝန် ငါးလလောက်မှာ အိမ်တော်ထိန်းကြီးက ကြင်ယာတော်လေး မွေးဖွားချိန် ပြုစုပေးဖို့ရယ်၊ ကလေးလေး မွေးဖွားလာလျှင် လိုအပ်လာမည့် နို့ထိန်းတွေကြောင့် အစေခံ အသစ်တွေ ထပ်ခေါ်နေတုန်း အသစ်ဝငိလာသည့် အစေခံတွေကို လာဘ်ထိုးရင်း ဆံထိုးကလေးကို ခိုးယူစေခဲ့တာဖြစ်သည်။

တော်ရုံတန်ရုံဆိုလျင် သတိကြီးလွန်းသည့်ယန်း နှင့် ဘယ်သူ့ကိုမှ မယုံတတ်သော ဘုံတို့ကြား သူလျှိုထည့်ပေးဖို့က မလွယ်လှသည့်အပြင် ဒီတစ်ခေါက် ကြင်ယာတော်လေး ပျောက်သွားသည်နှင့် ပိုမို တင်းကြပ်လာသော လုံခြုံရေးအကြား ကြင်ယာတော်လေးတို့ အိပ်စက်ရာ အလယ်ဆောင်နား သွားဖို့ မဆိုထားနှင့်။ဒီဆံထိုး တစ်ချောင်း ခိုးဖို့ရာအတွက်ပင် အမတ်ကြီးအနေဖြင့် လူအင်အားရော၊ငွေကြေးရော တော်တော်လေး သုံးစွဲခဲ့ရသည်။

စစ်သူကြီးဆီကိုရည်ရွယ်လို့ ပို့ချင်ခဲ့သည့် ပြန်စာ တပုံတပင်ကတော့ ကိုးလနီးပါး လွယ်ပိုးထားရသည့် ဝမ်းဗိုက်ကလေးကို ပင့်လို့ တောနက်ထဲ မနည်းလျှောက်နေရသည့် ကြင်ယာတော်လေးရဲ့ လက်ထဲမှာ ရှိသည်။

နွေဥိးရာသီ အစောပိုင်းပင်ရောက်ရှိနေပြီဖြစ်ပေမယ့် နေခြည်တစ်ပျောက်ပင် မထိုးသည့် အရိပ်မိုးထားသည့် အပင်တွေကြား ရောက်နေတာမလို့ မပူသည့်အပြင် အနည်းငယ်တောင် ချမ်းစိမ့်စိမ်ဖြစ်နေခဲ့သည်။

GRIEF//Mpreg//Where stories live. Discover now