Chapter_10

3.8K 506 13
                                    

____________Z.A.W.G.Y.I.____________

စစ်သူကြီးသည် သူ့ရဲ့ ကြင်ယာတော်လေး ပါးပြင်ထက်က အစင်းကြောင်းကြီးကို ကြည့်ပြီး တော်တော် စိတ်မချမ်းမသာဖြစ်နေဟန်တူသည်။
ကြင်ယာတော်နှင့်အတူတူ နေ့လည်စာ သုံးဆောင်နေရင်းနဲ့မှ ယောင်းရဲ့ မျက်နှာကို ငေးကြည့်ရင်း သနားနေဟန်တူသည်။

ကြင်ယာတော်ကသာ လက်စွပ်နှင့် ခြစ်မိတာကြောင့်ဟုသာ မပြောလျင် တစ်လောကလုံးကို မီးရှို့ပြီး ကြင်ယာတော့်မျက်နှာကို ဒီလိုဖြစ်အောင်လုပ်သောသူရဲ့ လက် ကိုလိမ်ချိုးပစ်လိုက်ဖို့ ဝန်မလေးဘူးဖြစ်သည်။

ယောင်းကိုယ်တိုင်က သတိမထားမိဘူးဟူ၍ ပြောနေ၍သာ ခွင့်လွှတ်ပေးထားခြင်းဖြစ်သော်လည်း
ယောင်းနှင့်အတူတူလိုက်သွားသည့် ယန်းနှင့်အများကြီးသက်ဆိုင်သည်။

ယောင်းရဲ့ မျက်နှာကို ထောက်၍ ဘယ်သူ့ကိုမှအပြစ်မပြောချင်တော့..

"အားရှိအောင် မ်ားမ်ားစား..."

ယောင်းယူလာတဲ့ ကြက်သားပြုတ်လေးထဲက အသားစေလးကို ဖဲ့လို့ ယောင်းဇွန်းလေးပေါ်တင်ပေးတော့ ခေါင်းကလေးငြိမ့်ပြီး
ပါးကလေးတွေဖောင်းနေအောင် တမြုံ့မြုံ့ဝါးနေတဲ့ ကြင်ယာတော်ကလေးက ကြောင်ကလေးနဲ့တူတယ်လို့ တွေးမိတယ်။

ညဘက်အိပ်နေရင် ကွေးကွေးလေး အိပ်တတ်တာတွေ၊
လက်သည်းချွန်ချွန်လေးတွေရှိတာတွေ၊
မသိသလိုလိုလေးတွေနဲ့ လူဘေးနားကပ်ပြီး အချစ်ခံချင်တာလေးတွေက ကြင်ယာတော်ကို ဘာကောင်လေးနဲ့တူမှန်း မစဉ်းစားနိုင်မိခဲ့ပေမယ့်
ညကြမှ အတူတူနေဖြစ်ရင်း ကျောကုန်းကို အားကိုးတကြီးဆွဲကုပ်ထားတဲ့ လက်သည်းလေးတွေကြောင့်

"ဩွော.ကြောင်ကလေးပါလား"

ဆိုပြီး သတိထားမိတာဖြစ်သည်။

"ယောင်းက ဈေးတစ်ပတ်ပတ်ပြီးပြီလား.."

"ပတ်တယ်တော့ မဟုတ်ပါဘူး..
ဒီအတိုင်း ဟိုနား၊ဒီနား.."

"အဲ့တာဆို နေ့လည်စာ စားပြီးရင် အကိုတော်နဲ့ အတူတူဈေးလည်ထွက်ရင်ရော ဘယ်လို သဘောရလဲ..
ယောင်း စိတ်ကူးထဲဝယ်ချင်တာရှိရင်လည်း အကိုတော်ဝယ်ပေးမယ်လေ.."

GRIEF//Mpreg//Where stories live. Discover now