Chapter_26

2.8K 402 19
                                    

_______________U.N.I.C.O.D.E._________

"အရှင်..မုံမုံက ဝလာတယ်မထင်ဘူးလား!"

ယောင်းရဲ့ ရင်ဘတ်ထဲ တိုးဝင်ပြီး အိပ်ပျော်နေသည့် မုံမုံက အရင်ကထက်တောင် ပိုပြီး ထွားလာတာကြောင့်
ကြင်ယာတော်လေးမှာ အသက်ရှူကြပ်၍ပင် နေရှာသည်။

ေအာက်ခဏ ချလိုက်တဲ့ အချိန်လေးအတွင်းကို လန့်နိုးသွားပြီး တအီအီအော်ကာ ယောင်းကို လိုက်ရှာနေတာကြောင့် ကြင်ယာတော်လေးက ပေါင်ပေါ်မှာ အသာလေးတင်ထားပြီး
ရင်ငွေ့လေးနှင့် ထွေးပွေ့ပေးထားရသည်

"ဝလာတယ်~~"

မုံမုံအိပ်ရေးပျက်မှာစိုးလို့ တိုးတိုးလေးပြောနေတဲ့ ေယာင်းကြောင့်
ခင်ပွန်းသည်ကြီးကပါ အသံတိုးတိုးလေးနှင့် လိုက်ပြောရင်း
ယောင်းတစ်ကိုယ်လုံးပေါ် တက်ဖိထားသည့်
မုံမုံကို ပွတ်သပ်ပေးလိုက်ပြီး
အိတွဲကျနေသည့်ပါးလေးတွေကိုပါ ဆွဲကြည့်လိုက်သေးသည်။

ကြင်ယာတော်လေးက နေလို့ မကောင်းသေးတာကြောင့် စစ်သူကြီးရဲ့ ရင်ဘတ်ထဲမှာပဲ မှီပြီး ထိုင်နေတုန်းဖြစ်သည်။
ကြင်ယာတော်လေး နေမကောင်းတာ ငါးရက်မြောက်နေ့ဖြစ်သည်။

လဝက်လုံး အဖျားငွေ့လေး နွေးတေး၊နွေးတေးနှင့် မအီမသာဖြစ်နေရာမှ
သတိမေ့လဲသွားပြီး သွေးအန်နေတာက လေးရက်ရှိပြီဖြစ်သည်။

မကောင်းတဲ့သွေးတွေ အန်တာဖြစ်ကြောင်းပြောပေမယ့်
ကြင်ယာတော်လေးက တစ်ကိုယ်လုံး ချိနဲ့လို့နေသည်။

အဆိပ်ဖြေဆေးကလည်း ရေရေရာရာမရှိသေးတာကြောင့်
အဆိပ်ဖြေဆေး ရှာမတွေ့ မချင်း ကြင်ယာတော်လေးက တောင့်ခံထားနိုင်ရန် လိုသေးသည်။

ဒါပေမယ့် ကြင်ယာတော်လေးက တို​က်သမျှ ဆေးတွေလည်း အန်ချတတ်ပြီး
သွေးတွေပါ အန်နေသောကြောင့်
ခံနိုင်ရည်မရှိမှာ စိုးရိမ်ရသည်။

သမားတော်ကြီး ပြောသလိုပင် အရင်က ခရမ်းရောင်လေး သမ်းနေသည်​့ လက်သည်းခွံလေးတွေက ပန်းရောင်လေး သမ်းလာပြီဖြစ်ပေမယ့်
သွေးအားမပြည့်သေးသောကြောင့်
ပန်းရောင်အပြည့်သမ်းသေးသည်တော့ မဟုတ်။

GRIEF//Mpreg//Where stories live. Discover now