____________Z.A.W.G.Y.I.________
"စစ်သူကြီးယောင်း
ဦးရီးတော်သမားတော်ကြီးက စစ်သူကြီးကို စာရေးလိုက်ပါတယ်!
ဟိုးတစ်နေ့က ကြင်ယာတော်လေးရဲ့ ဆေးတစ်ဖုံကို ဘာကြောင့် တောင်းသွားရလဲဆိုတာ စစ်သူကြီး သိချင်နေလိမ့်မယ်ထင်လို့ ဆေးကို စစ်ပြီးတာနဲ့ ချက်ချင်းစာရေးပို့လိုက်ပါတယ်!
အားဆေးထဲမှာပါတဲ့ ဆေးတော်တော်များများက ကြင်ယာတော်လေးရဲ့ ကိုယ်ခံအားကောင်းစေဖို့ရယ်၊ အိပ်မပျော်တဲ့ရောဂါအတွက် အဓိကဖော်စပ်ထားတဲ့ ဆေးတွေပါပဲ!
ဒါပေမယ့် ကြင်ယာတော်ရဲ့ ဆေးတွေထဲမှာ အားဆေးနဲ့မသက်ဆိုင်တာ တစ်မျိုးပါတယ်.
ဦးရီးတော်တို့ဘက်မှာတော့ သိပ်မသုံးကြပေမယ့် ေနပြည်တော်ဘက် မှာတော့ အသုံးများတဲ့ အဆိပ်သီးဆိုတာ ပါလာတယ်!ဒီအဆိပ်သီးကို တော်တော်များများသုံးကြပေမယ့် ဦးရီးတော်ကတော့ လက်ရှောင်တယ်!
အဆိပ်သီးရဲ့ သဘောသဘာဝက သူကိုယ်တိုင်လည်း အဆိပ်ဖြစ်စေသလို ကြာရှည်သုံးရင်လည်း ကိုယ်တွင်းက ခံနိုင်ရည်အားကို လျော့နည်းစေတယ်!
ဒဏ်ရာရှိတဲ့သူကို အဆိပ်သီးသာ ကျွေးမိရင် အဲ့ဒဏ်ရာက အကျက်မမြန်ဘဲ အနာရင်းပြီး အဲ့ဒဏ်နဲ့ပဲသေတတ်တယ်!
ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း သုံးဆောင်မိဖို့မကောင်းဘူး!ဦးရီးတော် အကြံပေးချင်တာကတော့
ဖြစ်နိုင်ရင် မင်းရဲ့ ကြင်ယာတော်လေးကို တိုက်နေတဲ့ ဆေးတွေကို ဖျက်ချပစ်လိုက်စေချင်တယ်.ဦးရီးတော် သိသလောက် ဒီဆေးတွေက ကြင်ယာတော်ရဲ့ မရီးဆက်တာဖြစ်ပေမယ့်တချို့ဒေသတွေက ပုံမှန်လိုသုံးကြတာဖြစ်လို့
စိတ်လိုက်မာန်ပါ မလုပ်မိပါနဲ့ဦး!
ကြင်ယာတော်ရဲ့ ဘယ်နေရာက လိုအပ်လို့ ထည့်သွင်းထားလဲဆိုတာ ဦးရီးတော်လည်း သိနိုင်တာ မဟုတ်ဘူး။
စစ်သူကြီးရဲ့ဒေါသကို သိလို့ ဦးရီးတော်က တားနေရတာပါ။
ကြင်ယာတော်လေးလည်း စိတ်ကောင်းမယ်မထင်ဘူး။ထူးဆန်းတာတစ်ခုကိုလည်း စစ်သူကြီးသိအောင် ပြောပြလိုက်ပါတယ်!
ဦးရီးတော် လာတဲ့နေ့က အစေခံတွေဆီ ကြင်ယာတော်သောက်နေကြဆေးတစ်ဖုံတောင်းလိုက်တော့
ယန်းဆိုတဲ့ အစေခံမလေးက ပြောတယ်
YOU ARE READING
GRIEF//Mpreg//
Romanceဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...