Chapter_45

2.4K 397 56
                                    

Words of Promise

_____________U.N.I.C.O.DE._________


"ဒီဧကရာဇ်က စိတ်တော်ကြည်နေတာပဲ!"

တစ်သက်လုံးမှာ လိုချင်သမျှ အကုန်ပိုင်ဆိုင်လာရသည့် ဦးရီးတော် စစ်သူကြီးက မျက်မမြင်ကြင်ယာတော် တစ်ယောက်ကို လက်ထပ်ထားပြီး ထိုကြင်ယာတော်ကရော၊
ဂင်အိမ်​တော်ရဲ့ ဂုဏ်ကျက်သရေ ထိခိုက်အောင်လုပ်ထားသည့် ခင်ပွန်းနှင့် အဆင်ပြေပါ့ဦးမလား။

ဧကရာဇ်က ရယ်မောပြီး ကြင်ယာတော်လေးရဲ့ ရေနွေးကြမ်းခွက်ထဲကို ဂန္ဓမ္မာရေနွေးကြမ်းလေးကို ထပ်ပြီးလောင်းထည့်ပေးလိုက်သည်။နန်းတော်ထဲမှာ သုံးသော ရေနွေးခရားက အပူဒဏ်ကို အကြာကြီးထိန်းပေးထားနိုင်စွမ်းရှိပြီး ရေနွေးခရားထဲ ရောက်နေတာ ကြာနေသည့်တိုင် ရေနွေးက အငွေ့တထောင်းထောင်းထဆဲဖြစ်သည်။ဧကရာဇ်က ကြင်ယာ​တော်လေးဘက် ရေနွေးကြမ်းခွက်တိုးပေးလိုက်သည်။

"ကြင်ယာတော်ယောင်း~ရေနွေးကြမ်းသောက်ပါဦး"

"အရှင်က ကျေးဇူးကြီးမားလှပါတယ်"

ကြင်ယာ​တော်လေးက လက်ဖမိုးနားအထိ တိုးလာပေးတဲ့ ရေနွေးကြမ်းခွက်ကို ယူလိုက်ပြီး တကျိုက်တည်းမော့လိုက်သည်။ကြင်ယာ​တော်လေး အခုတွေးနေတာက မျက်လုံး​ထောင့်နားလေးက မြင်နေရတဲ့ အစေခံလေးယန်းကိုသာဖြစ်ပြီး ယန်းက ကြောက်ပြီး ရုန်းနေတာကြောင့် ဓားက တဖြည်းဖြည်းပိုနက်လာပြီး သွေးကလည်း အပေါ်လည်ပင်းနားတစ်လျှောက် ပေကျံနေပြီဖြစ်သည်။ခင်ပွန်းသည်ကြီးသာ အချိန်မှီ ပြန်မရောက်လာရင် ဘယ်လိုလုပ်မလဲ!

"ဦးရီး​တော်..မပူဘူးလား?"

ဧကရာဇ်က တစ်ခုခုကို သတိထားမိသွားပြီး ယန်းကို ချုပ်ထားတဲ့ ဒု့ဆူရီကို ရပ်လိုက်ဖို့ အချက်ပြလိုက်သည်။ကြင်ယာတော်လေးက ထူးဆန်းတဲ့ပုံတော့ မပြပေမယ့် တစ်ခုခုကို တုန်လှုပ်နေဟန်ပဲ။ ဒါမှမဟုတ် ဒီအစေခံလေးက အဖိုးမတန်တဲ့သူများလား။

"ဧကရာဇ်ကို ပြန်ဖြေပါတယ်~ဒီအစေခံလေးက အပူဓာတ်ကို သဘောကျပါတယ်"

ကြင်ယာ​တော်လေးက ငဲ့ပေးလာသည့်ရေနွေးကြမ်းက လည်ချောင်းတစ်လျှောက်ပူဆင်းသွားတဲ့အထိ ပူလောင်နေတာကို အခုမှ သတိထားမိတော့သည်။အပူလောင်သွားတာကြောင့် မျက်ရည်ပါဝဲတက်သွားပေမယ့် ကြင်ယာတော်လေးက ပြုံးပြီး ပြန်ဖြေလိုက်သည်။ခပ်လှမ်းလှမ်းမှာ အားအင်တွေပြည့်ပြီး သွက်လက်တဲ့ ခြေလှမ်းက ပန်းခြံလမ်းတစ်လျှောက် ကျောက်စရစ်ခဲလေးတွေကို ဖိနင်းလာတဲ့အသံကို ကြားနေရသည်။ကြင်ယာတော်လေးက အပူလောင်သွားတာကြောင့် ဝဲတက်လာသည့် မျက်ရည်တွေက ခင်ပွန်းသည်ကြီးရဲ့ အငွေ့အသက်တို့ကို ရတာနှင့်တင် စိတ်သက်သာရာရသွားပြီး မျက်လုံးတို့ကို မှိတ်ချလိုက်တဲ့အခါ မျက်ရည်စက ပုဝါသားမှာ ခိုတွဲသွားသည်။

GRIEF//Mpreg//Where stories live. Discover now