Chapter_24

2.7K 399 21
                                    

Surprise?
There is another surprise!

___________U.N.I.C.O.D.E.__________


စစ်သူကြီးရဲ့ ရင်ဘတ်ထဲမှာ တအိအိရှိုက်နေသည့် အမွှေးလုံးလုံးလေးတစ်ကောင်ရှိသည်။
စစ်သူကြီးအနေနှင့်လည်း အကောင်ပလောင်လေးတွေ မွေးဖို့စိတ်ကူးမရှိသည်မလို့
ယောင်းရဲ့ အချစ်တော် ဒီခွေးကလေးကို ဘယ်လို ငြိမ်အောင်ထိန်းရမလဲမသိ။

ွမုံမုံကလည်း နေရာသစ်ကို ရောက်လာသည်ဖြစ်​ေသာကြောင့် ကြောက်ပြီး တုန်ယင်လို့နေသည်။
ဒါပေမယ့် စစ်သူကြီးက ကောက်ယူလိုက်တဲ့အခါ စစ်သူကြီးရဲ့ ဝတ်ရုံမှာစွဲကပ်နေတဲ့ ကြင်ယာတော်လေးရဲ့ အငွေ့အသက်ကြောင့်တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။

မုံမုံက မျက်လုံးအကြီးကြီးတွေနှင့် စစ်သူကြီးကို မော့ကြည့်ကာ သေသေချာချာမှတ်ထားလို့နေသည်။
အသက်ရှူလိုက်တိုင်း နှာခေါင်းထဲတိုးဝင်လာတဲ့ သခင်ဖြစ်သူရဲ့ ရန့ံကြောင့် စစ်သူကြီးရဲ့ လက်ကို ကိုင်ထားပြီး ပေါင်ပေါ်မှာပဲ အိပ်ပျော်သွားခဲ့သည်။

စစ်သူကြီးအနေနှင့် ယောင်းရဲ့အချစ်တော် ခွေးကလေးကို ကြည့်ပြီး အသည်းပင် ယားလာသလိုလို။
အမွှေးဖွားဖွားလေးတွေရဲ့အောက်မှာ အိတွဲနေတဲ့ ပါးဖောင်းဖောင်းကြီးတွေရှိသည်။
အိပ်ပျော်နေသည့်အခါ ေအာက်ဘက်ကို တွဲကျလို့နေသည်။
စစ်သူကြီးက စူးစမ်းပြီး အဲ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲကြည့်သည့်အခါ
သားရေပြားကြီးလိုမျိုး အရှည်ကြီး ရှည်ထွက်လာတာကိုကြည့်ပြီး ခပ်တိုးတိုးရယ်လိုက်သည်။

စစ်သူကြီးရဲ့ နံဘေးမှာ အမြဲလိုလို ခစားခဲ့သည့် ကိုယ်ရံတော်တပ်မှူး ဂရင်းဂျာအနေနှင့် အရှင်သခင်ရဲ့ ဒီလိုပုံစံမျိုးကို မတွေ့ဖူးခဲ့။
မြောက်ပိုင်းနယ်စပ်ကနေ နေပြည်တော်အထိ ခရီးအပြင်းနှင်ပြီး ပြန်လာခဲ့ပေမယ့်
ဆယ်ရက်လောက်ပဲရှိသည့် ခရီးတိုလေးအတွင်းမှာ ပိန်ကျသွားသည့် စစ်သူကြီးရဲ့ ပုံစံက ထူးဆန်းလို့နေသည်။

အမြဲလိုလို ခွန်အားတွေပြည့်နှက်ကာ၊ အရပ်ရှည်ရှည်နှင့် လိုက်ဖက်စွာ တည်ဆောက်ထားသည့် ကြွက်သားတွေကြောင့် အရှင်သခင်က
ကြည့်လိုက်တာနှင့် စစ်ရေးကျွမ်းကျင်သူ၊စစ်သားတစ်ယောက်မှန်း သိသာနေတာဖြစ်သည်။
အခု စစ်သူကြီးရဲ့ပုံစံက ဖြူဖျော့နေကာ အိပ်ရေးမဝလို့ ပိန်ပါ ပိန်ကျသွားတော့သည်။
နေမကောင်းတာက ကြင်ယာတော်သခင်လေးပေမယ့် စစ်သူကြီးကပါ နေမကောင်းဖြစ်နေဟန်တူသည်။

GRIEF//Mpreg//Where stories live. Discover now