chapter_27

2.7K 407 58
                                    

မုန်တိုင်းပြီးပြီ..
___________U.N.I.C.O.D.E.______________

ခင်ပွန်းသည်ကြီးက ကြင်ယာတော်လေး အဖျားထပ်တက်လာ၊မတက်လာကို စောင့်ကြည့်နေရတာကြောင့် ကောင်းကောင်းအိပ်ရသေးတယ် မရှိဘူး။

ကြင်ယာတော်လေးကလည်း အခြေအနေကောင်းနေတာကြောင့်
စစ်သူကြီးက  နေပြည်တော်ဆီ စာပို့စရာရှိတာ ပို့ရအောင် စာကြည့်ဆောင်ဆီ သွားမယ်ပြင်ပေမယ့်
ကြင်ယာတော်လေး ထုပ်ပေးထားတဲ့ စောင်ထုပ်ထဲကနေ မထွက်နိုင်ဘူးဖြစ်နေသည်။

စစ်သူကြီးရဲ့ ကျောကုန်းအောက်ကိုလည်း စောင်ထိုးထည့်ထားပြီး နှစ်ယောက်လုံးကို လုံးနေအောင်ကို ခြုံထားတာကြောင့် စစ်သူကြီးက တိုးတိုးလေးရယ်လိုက်သည်။

မနေ့က စစ်သူကြီး နှင်းတောထဲ ဓားရေးလေ့ကျင့်တာကို စိတ်မချဖြစ်နေတုန်းဖြစ်သည်။
အမြဲ သွေးအေးသည့် စစ်သူကြီးကို ဒီလို ထိန်းချုပ်မရအောင် တားမရ၊ဆီးမရဖြစ်စေသည့် ကြင်ယာတော်လေးသာ တစ်ခုခုမဖြစ်သရွေ့ စစ်သူကြီးက အမြဲ သူ့ဒေါသကို ထိန်းနိုင်သူဖြစ်သည်။

အမြဲလိုလို ခပ်အေးအေးလေးနေတတ်ပြီး
စကားလည်း သိပ်မပြောသည့် ကြင်ယာတော်လေးက သူစိတ်မချတာကို အမြဲအဲ့လို ပြတတ်သူဖြစ်သည်။

စစ်သူကြီးက ထုတ်မပြောပေမယ့်
ဆောင်းရာသီဒဏ်နှင့် အနာရှိန်က ပြန်ပြန်တတ်လာတိုင်း
ဂျင်းသံပုရာရည်ပူပူလေးကို အစေခံတွေကို အမြဲဆက်ခိုင်းတတ်ပြီး
ခင်ပွန်းသည်ကြီးကို တိတ်တိတ်လေး ဂရုစိုက်တတ်သူဖြစ်သည်။

စစ်သူကြီးက ကြင်ယာတော်လေး လည်ပင်းနားကို လက်ချောင်းလေးအသာတင်ကာ သွေးခုန်နှုန်းကို ဖွဖွလေးစမ်းလိုက်သည်။
အားနည်းနေသေးပေမယ့် ဖွဖွလေးခုန်နေသည့် သွေးခုန်နှုန်းသံလေးကို ကြားရမှ စစ်သူကြီးက စောင်ထုတ်ထဲကနေ ထထိုင်လိုက်သည်။

"အင်း~~ယောက်ျား~~"

စစ်သူကြီးက သတိထားပြီး အိပ်ပျော်နေသည့် ကြင်ယာတော်လေး မနိုးသွားအောင် သတိထားလုပ်ပေမယ့်
ခင်ပွန်းသည်လေးက စစ်သူကြီး ဖက်ထားရကနေ ေပျာက်သွားတာနဲ့ ချက်ချင်းသတိထားမိပြီး လိုက်ရှာတော့သည်။

GRIEF//Mpreg//Where stories live. Discover now